ချောက်မြို့၊ အခြေခံပညာမူလတန်းကျောင်း(ပုဂံစုကွက်သစ်အနောက်)၌ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကျင်းပ

Powered by Drupal

      မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်တွင် အခြေခံပညာဦးစီးဌာနနှင့် ဌာန ဆိုင်ရာများ ပူးပေါင်း၍ (၂၅.၇.၂၀၂၅)ရက်နေ့၊ နံနက်(၀၉:၃၀)အချိန်တွင် အခြေခံပညာမူလ တန်းကျောင်း(ပုဂံစုကွက်သစ်အနောက်)၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပခဲ့ ကြောင်း သိရသည်။

          ရှေးဦးစွာ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲတွင် မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဒေါ်မြတ်မြတ်မိုးက “ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာပါရှိသောပစ္စည်းများ ရွေးချယ်ဝယ်ယူတတန်စေရန်နှင့် Online လိမ်လည်မှုဆိုးကျိုးများအကြောင်းကို လည်းကောင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သိမ့်ဝါက “လူငယ်နှင့်ဗလငါးတန်” အကြောင်းကိုလည်းကောင်း၊ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဦးစောမြဖောင်းက သဘာဝဘေးအန္တရာယ်ဆိုင်ရာ သိကောင်းစရာများ အကြောင်း ကိုလည်းကောင်း အသီးသီးဟောပြောခဲ့ကြပြီး အဆိုပါ အသိပညာပေးဟောပြောပွဲတွင် ကျောင်းအုပ် ဆရာမကြီးနှင့် ဆရာ၊ ဆရာမ၊ ကျောင်းသား၊ ကျောင်းသူ၊ စုစုပေါင်း (၁၃၃)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

          ဆက်လက်၍ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဒေါ်မြတ်မြတ်မိုးက အခြေခံ ပညာမူလတန်းကျောင်း(ပုဂံစုကွက်သစ်အနောက်)အတွင်း ရောင်းချနေသော မုန့်စျေးတန်းရှိ မုန့်ဆိုင် များအား စားသုံးသူအန္တရာယ်ကင်းရှင်းစေရေး စစ်ဆေးခြင်း၊ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံ စွာဖော်ပြမှု ရှိ/မရှိ စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

DOCA(မကွေး)