သတင်းနှင့် လှုပ်ရှားမှုများ
၁၆.၁၁.၂၀၂၂ ရက်နေ့တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် မော်လမြိုင်မြို့၊ အမှတ် (၅)၊ အခြေခံပညာအလယ်တန်းကျောင်း၌ စားသုံးသူ ကာကွယ်ရေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။
၁၆.၁၁.၂၀၂၂ ရက်နေ့ ၁၃၀၀ နာရီတွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် အထက (၅) ၊ မော်လမြိုင် ကျောင်း၌ စားသုံးသူ ကာကွယ်ရေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။
အပြည်ပြည်ဆိုင်ရာနှင့် ဒေသတွင်းကုန်သွယ်မှု လွယ်ကူချောမွေ့စေရေးအတွက် အထောက် အကူပြုသော စံချိန်စံညွှန်းများ ဖော်ထုတ်ချမှတ်နိုင်ရေးနှင့် မြန်မာစံချိန်စံညွှန်းများ ပေါ်ထွက်လာ စေရေးအတွက် အမျိုးသားစံချိန်စံညွှန်းကောင်စီက သက်ဆိုင်ရာကဏ္ဍအလိုက် စံချိန်စံညွှန်းရေးဆွဲ ရေးနည်းပညာဆပ်ကော်မတီပေါင်း (၂၅)ခု ဖွဲ့စည်းထားရှိပါသည်။
ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမြို့နယ်စစ်ဆေးရေးမှူး ဦးသိန်းမောင်နှင့် ဝန်ထမ်းများသည် (၁၆.၁၁.၂၀၂၂)ရက်နေ့ ၊ နံနက်(၁၁:၀၀)နာရီ အချိန်တွင် ဒေးဒရဲမြို့၊ ရုံးကြီးကွက်သစ်(၆) လမ်းဈေးရှိ ကုန်မျိုးစုံဆိုင်များအား ဈေးကွက်အတွင်းရောင်းချလျက်ရှိသော ကုန်စည်များကို ဘေးအန္တရာယ်မရှိစေရေး စောင့်ကြည့်စစ်ဆေးခြင်းနှင့် သတ်မှတ်ထားသော ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြထားမှုရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများကို ဆောင်ရွက်ခဲ့ပါသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင် စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲကို နိုဝင်ဘာလ (၁၆)ရက်၊ နေ့လယ် ( ၁၄ : ၀၀)နာရီတွင် ကန့်ဘလူခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်သည်။