သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
23 Nov 2022

       ပဲခူးတိုင်းဒေသကြီး ၊ စားသုံးသူရေးရာဦးစီးဌာန ၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တာဝန်ခံသည် (၂၁.၁၁.၂၀၂၂)ရက်နေ့ နံနက် (၉:၀၀)နာရီ မှ (၁၁:၀၀) အချိန်ထိ ကြာနီကန် အ.ထ.က ကျောင်းတွင် စားသုံးသူအသိပညာပေး ဟောပြောပွဲများ ကျင်းပ ဆောင်ရွက်ခဲ့ရာ ပြန်ကြားရေးနှင့် ပြည်သူဆက်ဆံရေးဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့နှင့် ပူးပေါင်း၍ ပါဝင်ခဲ့ပါသည်။

23 Nov 2022

           စားသုံးဆီများသတ်မှတ်အရည်အသွေး၊ စံချိန်စံညွှန်းများနှင့်ပြည့်မီစေရေး ၊ စားသုံးသူပြည်သူ များကျန်းမာရေးနှင့်ညီညွတ်သော စားသုံးဆီများကိုသုံးစွဲနိုင်ရေး၊ဈေးနှုန်းတည်ငြိမ်စွာဖြင့် ဝယ်ယူသုံးစွဲနိုင်စေရေးတို့အတွက်  စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီတင်သွင်းသို လှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် ပြည်ပမှတင်သွင်းလာသည့် စားအုန်းဆီများအား  စားသုံးဆီတင်သွင်းသည့်ကုမ္ပဏီများမှ  သတ်မှတ်ရည်ညွှန်းဈေးနှုန်းဖြင့် လက်ကားကုန်သည်များကို 

23 Nov 2022

        ပဲခူးတိုင်းဒေသကြီး ၊ စားသုံးသူရေးရာဦးစီးဌာန ၊ သာယာဝတီခရိုင် ၊ မင်းလှမြို့နယ် တာဝန်ခံသည် မိတ်ဖက်ဌာနများဖြစ်သည့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန နှင့် ပူးပေါင်းကာ ၂၁.၁၁.၂၀၂၂ ရက်နေ့ ၊ နံနက် ၉ : ၃၅ နာရီအချိန်တွင် ညောင်သုံးပင် ကျေးရွာအုပ်စု ၊ သပြေစမ်းကျေးရွာရှိ အခြေခံပညာမူလတန်းကျောင်းသို့ ကွင်းဆင်းသွားရောက်ပြီး အသိပညာပေး ဟောပြောခဲ့ကြောင်း သိရှိရပါသည် ။

23 Nov 2022

            ပဲခူးတိုင်းဒေသကြီး ၊ စားသုံးသူရေးရာဦးစီးဌာန ၊ သာယာဝတီခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် ၁၆.၁၁.၂၀၂၂ ရက်နေ့ ၊ နံနက် ( ၈ : ၃၀) နာရီအချိန်၌ ကြို့ပင်ကောက်မြို့နယ်တွင် ဒူးရင်းကရေကရာ ထုတ်လုပ်ဖြန့်ဖြူးရောင်းချနေသော လုပ်ငန်းရှင်နှင့် တွေ့ဆုံ၍ ပြည်တွင်းကုန်သွယ်မှု ဖွံ့ဖြိုး တိုးတက် ရေးနှင့် စားသုံးသူကာကွယ်ရေးဆိုင်ရာ အကြောင်းအရာများအား ရှင်းလင်း ဆွေးနွေး ခဲ့ပါသည်။

23 Nov 2022

          ပဲခူးတိုင်းဒေသကြီး ၊ စားသုံးသူရေးရာဦးစီးဌာန ၊ သာယာဝတီခရိုင် ၊ မိုးညိုမြို့၌ ခရိုင်ဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် ၂၁.၁၁.၂၀၂၂ ရက်နေ့ ၊ နံနက် (၉ : ၀၀ ) နာရီအချိန်တွင် စည်ပင်သာယာမြို့မဈေးအတွင်းရှိ ကုန်စုံဆိုင်များတွင် ကုန်ညွှန်းအမှတ်အသားများ ပြည့်စုံစွာ ဖော်ပြထားခြင်းရှိ /မရှိ မိုးညိုမြို့နယ် တာဝန်ခံနှင့် ဝန်ထမ်းများမှ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။

Pages