သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
30 Dec 2021

စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူး စစ်ဆေးရေးအရာရှိ ဒေါ်မွန်မွန်စိုး ဦးဆောင်သော ဝန်ထမ်းများအဖွဲ့သည် ဒီဇင်ဘာလ(၂၀)ရက်နေ့ နံနက်(၁၀:၃၀)အချိန်တွင် ပခုက္ကူမြို့အတွင်းရှိ ဆေးဆိုင်(၅)ဆိုင်၌ လည်းကောင်း၊ ဆိပ်ဖြူမြို့နယ် တာဝန်ခံ ဦးဇော်နေလင်းမှ နေ့လယ်(၁၄:၀၀)နာရီတွင် ဆိပ်ဖြူမြို့ပေါ်ရှိ ဆေးဆိုင်(၂)ဆိုင်တွင် လည်းကောင်း မိတ်ဖက်ဌာနဖြစ်သော မြို့နယ်စည်ပင်နှင့် ပူးပေါင်း၍ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။

30 Dec 2021

စားသုံးသူရေးဦးစီးဌာန၊ မွန်ပြည်နယ် ဘီးလင်းမြို့နယ် တာဝန်ခံနှင့် ဝန်ထမ်းများသည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ (၂၀.၁၂.၂၀၂၁) ရက်နေ့တွင် ဘီးလင်းမြို့နယ်၊ မင်္ဂလာဈေးရှိ ရောင်းချနေသောဆိုင်များမှာ စားသုံးသူ ဘေးအန္တရာယ်ကင်းရှင်းရေး၊ ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး၊ စားသုံးသူကာကွယ်ရေးဥပဒေနှင့်အညီ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာ ဖော်ပြပါရှိသော ထုတ်ကုန်များအား ရောင်းချမှု ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ဘေးအန္တရာယ်ရှိသော ကုန်စည်များ၊ သက်တမ်းလွန်ကုန်စည်များ ရောင်းချမှု မရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာ ပေးခြင်း၊ အသိပညာပေးလက်ကမ်းစာစောင်များ ဝေငှခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
စားသုံးသူရေးရာဦးစီးဌာန
မွန်ပြည်နယ်

30 Dec 2021

မွန်ပြည်နယ်၊ကျိုက်မရောမြို့နယ်၊ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊မြို့နယ်စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍ စားသုံးသူအသိပညာပေး(Talk Show)ဆွေးနွေးပွဲကို ၂၀.၁၂.၂၀၂၁ ရက်နေ့ နံနက်၁၀နာရီတွင် ကျိုက်မရောမြို့နယ်၊ လူထုအခြေပြု၊ဗဟိုဌာန၊(Community Center)ခန်းမ၌ ပြုလုပ်ခဲ့သည်။ ရှေးဦးစွာပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ဦးစီးအရာရှိဒေါ်ချိုမြတ်မြတ်ထွေးက စားသုံးသူအကာကွယ်ပေးရေးအသိပညာပေး(Talk Show)ပြုလုပ်ရခြင်း၏ရည်ရွယ်ချက်ကို ရှင်းလင်းဆွေးနွေးပြီး မွန်ပြည်နယ်စားသုံးသူရေးရာဦးစီးဌာန ၊ကျိုက်မရောမြ

30 Dec 2021

စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဦးစံကြည် ဦးဆောင်၍ မအူပင်ခရိုင်၊ စားသုံးသူရေးရာ ဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးဇော်မင်း၊ ဒုခရိုင်ဦးစီးမှူး ဦးအောင်ဇော်ဦးနှင့် ဝန်ထမ်းများသည် မအူပင် မြို့နယ်၊ တော်တလုပ်ကျေးရွာအုပ်စု၊ ကျီးချောင်းကျေးရွာရှိ ရှူးဂါးဂိမ်း ပြောင်းစိုက်ပျိုး အောင်မြင် ဖြစ်ထွန်းမှုများကို (၂၀.၁၂.၂၀၂၁) ရက်နေ့ နံနက်(၁၀:၀၀)နာရီမှ (၁၂:၀၀) နာရီ အချိန်အထိ သွားရောက် ကွင်းဆင်းလေ့လာခဲ့ပါသည်။

30 Dec 2021

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီး ဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း ၍ အင်္ဂပူမြို့နယ်နှင့် မြန်အောင်မြို့နယ်တို့တွင် စားသုံး သူကာကွယ်ရေး အသိပညာပေး Talk Showအစီအစဉ်ကိုကျင်းပပြုလုပ်ခဲ့ရာ ဒီဇင်ဘာလ (၈) ရက်နေ့တွင် အင်္ဂပူမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ၌ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ၊ မြို့နယ်ဦးစီးမှူး ဒေါ်သီသီရှိန် မှ အခမ်းအနားမှူးပြုလုပ်၍ စားသုံးသူရေးရာဦးစီးဌာနမှ ၊ မြို့နယ်ဦးစီးမှူး ဦးဘိုဘို

Pages