သတင်းနှင့် လှုပ်ရှားမှုများ
၂၀၂၄ခုနှစ်၊ မေလ(၁၄)ရက်နေ့၊ မွန်းလွဲ(၁၃း၀၀)အချိန်တွင် မြိတ်ခရိုင်စားသုံးသူရေးရာဦးစီး ဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့မှ မြိတ်မြို့ပေါ်ရှိ ဆောက်လုပ်ရေးလုပ်ငန်းသုံး ဘိလပ်မြေ များအား ပစ္စည်းပြတ်လပ်မှုရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။
ကွင်းဆင်းစစ်ဆေးမှုအရ မြိတ်မြို့ပေါ်ရှိ ဘိလပ်မြေအရောင်းဆိုင်များတွင် ဘိလပ်မြေ လိုအပ်သလိုဝယ်ယူရရှိနိုင်ပြီး ဘိလပ်မြေများပြတ်လပ်မှုမရှိကြောင်း သတင်းရရှိပါသည်။
DOCA(တနင်္သာရီ)

၂၀၂၄ခုနှစ်၊ မေလ(၁၄)ရက်နေ့၊ နံနက် (၈း၃၀)အချိန်တွင် ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့၊ ဗဟိုစာရင်းအင်းဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပါဝင်သော မြိတ်ခရိုင်ကုန်စျေးနှုန်းတည်ငြိမ်ရေးအဖွဲ့ဝင်များသည် မြိတ်မြို့၊ တပ်ပြင်ရပ်၊ စည်ပင် သာယာစျေးရှိ ဟင်းသီးဟင်းရွက်၊ အသားငါး အရောင်းဆိုင်များသို့သွားရောက်၍ စျေးနှုန်းမြှင့်တင် ရောင်းချမှုမရှိစေရေး ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။

စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးအောင်တင်စိုး၊ ခရိုင်ဦးစီးမှူးပါ (၃)ဦး၊ ဘုရင့်နောင်ဈေးစည်ပင်ဌာနမှ ဦးမင်းထူး(ပုံသေ)၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ ဦးညီညီပိုင်ထက်(အလုပ်အမှုဆောင်)တို့ပူးပေါင်းပါဝင်လျက် ၉.၅.၂၀၂၄ ရက်နေ့၊ နံနက် (၁၀:၅၀)နာရီအချိန်မှစ၍ ဘုရင့်နောင်ဈေးကြီးအတွင်းရှိ ဆန်ဆိုင်များ၊ ဆန်သိုလှောင်ရုံများသို့သွားရောက်ကာ ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ပါသည်။

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ်တွင် ပြည်သူများ ပဋိဇီဝဆေးယဉ်ပါးမှုအန္တရာယ်ကာကွယ်နိုင်ရေးအတွက် ဆေးဝါးအရောင်းဆိုင်များတွင် ဆရာဝန်ဆေးညွှန်းစာဖြင့် ရောင်းချရန် လိုအပ်သည့်(POM)ဆေးဝါးများကို ဆေးညွှန်းစာမပါပဲ ရောင်းချနေမှု ရှိ/မရှိအား မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ ၁၃.၅.၂၀၂၄ ရက်နေ့တွင် လိုက်လံကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်အတွင်း ဆန်များ ဈေးနှုန်းမြှင့်တင်ရောင်းချမှုမရှိရေးနှင့် ဈေးနှုန်းတည်ငြိမ်ရေးအတွက် စားသုံးသူရေးရာဦးစီးဌာနနှင့် ပူးပေါင်းအဖွဲ့တို့မှ ၁၀.၅.၂၀၂၄ ရက်နေ့တွင် မြို့နယ်အတွင်းရှိ ဆန်ဂိုဒေါင်များ၊ ဆန်အရောင်းများအား လိုက်လံကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။
