သတင်းနှင့် လှုပ်ရှားမှုများ
ကရင်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံးမှ ဒေါ်သီတာဌေးနှင့် ဝန်ထမ်းသည် ၂၂-၁၁-၂၀၂၂ ရက်နေ့နံနက် ၁၀:၀၀ နာရီအချိန်တွင် ဘားအံမြို့ပေါ် ရှိ အခြေခံပညာ အ-ထ-ကခွဲ(ကော့ထော်)ကျောင်းတွင် ပညာရေးဝန်ကြီးဌာန၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့နှင့် ပူးပေါင်း၍ အသိပညာပေး ဟောပြောပွဲကျင်ပခဲ့ကြောင်း သိရှိရပါသည်။
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့၊ သုံးပင်ကွင်းရပ်ကွက်ရှိ အလှကုန်ပစ္စည်း အရောင်းဆိုင်နှင့် စတိုးဆိုင်များအား (၂၁.၁၁.၂၀၂၂)ရက်နေ့ နံနက် (၀၈:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံမှ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း များဆောင်ရွက်ခဲ့ပါသည်။
မန္တလေးတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန ပြင်ဦးလွင်ခရိုင်ဦးစီးမှူးရုံးမှဝန်ထမ်းများအနေဖြင့် ပြည်သူများကုန်စည်နှင့်ဝန်ဆောင်မှုများ လုံခြုံစိတ်ချစွာအသုံးပြုနိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိရာ ပြင်ဦးလွင်မြို့နယ်၊ ဆင်လဝါကျေးရွာ၌ရှိသော မိဖုရားအဆင့်မြင့် သဘာဝလ္ဘက်ခြောက်စက်ရုံသို့ နိုဝင်ဘာလ (၂၂) ရက်နေ့တွင် ခရိုင်ဦးစီးမှူး ဦးသက်လွင်ထူးဦးဆောင်၍ စစ်ဆေးရေးအရာရှိများမှ စျေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။
ရခိုင်ပြည်နယ်၊စားသုံးသူရေးရာဦးစီးဌာနမှ ဂွမြို့နယ်တာဝန်ခံ ဒေါ်မာမာလေး(ဒု-ဦးစီးမှူး) သည် (၂၂-၁၁-၂၀၂၂)ရက်နေ့ နေ့လယ် (၁:၀၀)နာရီ အချိန်တွင် ဂွမြို့ ကင်းရုံးရပ်ကွက် ဗိုလ်ချုပ်လမ်းရှိ ရွှေရိုးမစက်သုံးဆီအရောင်းဆိုင်သို့သွားရောက်၍ စက်သုံးဆီဈေးနှုန်းနှင့် ဆီလက်ကျန် အခြေအနေများကို ကြည့်ရှု့စစ်ဆေးခဲ့ပါသည်။
ကျွန်တော်တို့နေ့စဉ် ရှင်သန်ကျင်လည်နေရတဲ့ ပတ်ဝန်းကျင်မှာ နေ့တဓူဝ ဆက်ဆံနေရတဲ့ မိသားစုအတွင်းမှာလည်းကောင်း၊ အလုပ်သဘောအရဆက်ဆံရတဲ့ လူမှုပတ်ဝန်းကျင်မှာလည်း ကောင်း၊ စီးပွားရေးလုပ်ငန်းဆောင်ရွက်ရာမှာလည်းကောင်း၊ ကိုးကွယ်ဆည်းကပ်ရာမှာလည်း ကောင်း အမြဲပြောဆိုသုံးနှုန်းနေရတဲ့ မြန်မာစကားစုလေး တစ်ခုရှိပါတယ်။ အဲဒါကတော့ ယုံကြည်ပါ၊ ယုံကြည်ပေးပါ၊ ကိုးကွယ်ယုံကြည်ရာဆိုပြီး ပြောဆိုနေကြတဲ့စကားတွေထဲက ယုံကြည် ဆိုတဲ့ စကားစုလေးပဲဖြစ်ပါတယ်။ အဲဒီစကားစုလေးရဲ့ အဓိပ္ပာယ်ကို မြန်မာအဘိ