သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
15 May 2024

      ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကလောခရိုင်၊ အောင်ပန်းမြို့ရှိ လူသုံးကုန်နှင့် စားသောက်ကုန် ဖြန့်ဖြူးသည့် ကုမ္ပဏီများသို့ (၁၃.၅.၂၀၂၄) ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ ကလောခရိုင် ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူးများနှင့် ဝန်ထမ်းများသည်လူသုံးကုန်ဖြန့်ဖြူးသည့် ကုမ္ပဏီများတွင် ဈေးကွက်စစ်ဆေးမှုအရ မြန်မာဘာသာကုန်အညွှန်းအမှတ်အသားဖော်ပြခြင်း၊ ထုတ်ကုန်လုံခြုံစိတ် ချရမှုရှိစေရေး လမ်းညွှန်ချက်များအပေါ် ကုမ္ပဏီလုပ်ငန်းရှင်များမှ လိုက်နာလာသည်ကိုတွေ့ရှိရပါ သည်။

15 May 2024

        တနင်္သရီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန ကော့သောင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်မြသီတာ (ဦးစီးအရာရှိ) သည် ၂၀၂၄ ခုနှစ် မေလ ၁၃ရက်နေ့ နံနက် (၉:၀၀)နာရီ အချိန်တွင် ကော့သောင်းခရိုင်ပြန် ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် စာဖတ်သူပြည်သူများအား စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

15 May 2024

        ကုန်သွယ်ရေးဦးစီးဌာနတွင် ပို့ကုန်သွင်းကုန် လုပ်ငန်းရှင်မှတ်ပုံတင်အသစ် လျှောက်ထားလာသော တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့ အမှတ် (၄၇)၊ ဗိုလ်ချူပ်လမ်း၊ သီရီမြိုင်ရပ်ကွက် KAWTHAUNG STAR TRADING CO.LTD ကုမ္မဏီ တည်ထောင်မှုနှင့် ပတ်သက်၍ အမှန်တကယ် လုပ်ငန်းဆောင်ရွက်မှု ရှိ/မရှိ သတ်မှတ်ပုံံစံများနှင့် အတူ (၁၂.၅.၂၀၂၄) ရက်နေ့ နံနက် (၉:၀၀) အချိန်တွင် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကော့သောင်းခရိုင် ကုန်သွယ်ရေးဦးစီးဌာန နှင့် စားသုံးသူရေးရာဦးစီးဌာနတို့ သွားရောက

15 May 2024

         တနင်္သရီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန ကော့သောင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်မြသီတာ (ဦးစီးအရာရှိ) သည် ၂၀၂၄ ခုနှစ် မေလ ၁၃ရက်နေ့ နံနက် (၉:၀၀)နာရီ အချိန်တွင် ကော့သောင်းခရိုင်ပြန် ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် စာဖတ်သူပြည်သူများအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

15 May 2024

     စားသုံးသူရေးရာဦးစီးဌာန၊ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ ဦးမျိုုးဝင်းနိုင် (ဦးစီးအရာရှိ)ပါ ဝန်ထမ်းများသည် ဆက်စပ်အဖွဲ့များဖြစ်သော ကရင်ပြည်နယ်ဆန်ကုန်သည်များအသင်း၊ ကရင်ပြည်နယ် ဆန်စက်လုပ်ငန်းရှင်များအသင်းနှင့် ပေါင်းစပ်၍ ၉.၅.၂၀၂၄ ရက်နေ့၊နံနက်(၁၀:၀၀) နာရီအချိန်တွင် ဘားအံမြို့ပေါ်ရှိ ဆန်ဆိုင်ကြီးများအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

Pages