စားသုံးသူကာကွယ်ရေး အသိပညာပေးခြင်းTalk Show ကျင်းပပြုလုပ်

Powered by Drupal

   ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမ၌ စားသုံးကာကွယ်ရေးအသိပညာ‌ပေးTalk Showကို (၂၂.၇.၂၀၂၅) နေ့ နံနက် (၁၀:၃၀) နာရီ က ကျင်းပ ပြုလုပ်ခဲ့သည်။

     ထိုသို့ကျင်းပပြုလုပ်ရာတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးက စားသုံးကာကွယ်ရေးအသိပညာ‌ပေးTalk Showပြုလုပ်ရခြင်းရည်ရွယ်ချက် အားရှင်းလင်း ဆွေးနွေးပြီး မြို့နယ်စာသုံးသူရေးရာ ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးအောင်လွင်က စားသုံးသူရေးရာဦးစီးဌာန၏ စားသုံးသူကာကွယ်ရေး  ဥပဒေအကြောင်း သိကောင်းစရာများ နှင့် စားသုံးသူကာကွယ်ရေး ဥပဒေစာအုပ် အခန်း(၁၁)  ကုန်စည်နှင့်စပ်လျဉ်း၍ စီးပွားရေးလုပ်ငန်းရှင်များ ဖော်ပြရမည့် အာမခံချက်များ အကြောင်းကုန်စည် (သို့မဟုတ်) ဝန်ဆောင်မှုများနှင့်စပ်လျဉ်း၍ စားသုံးသူ၏ အခွင့်အရေးနှင့် အကျိုးစီးပွားတို့ကို ကာကွယ်ပေးခြင်းနှင့် စားသုံးသူနှင့် လုပ်ငန်းရှင်တို့အကြား မျှတမှုရှိအောင် ဆောင်ရွက်နေသည့် လုပ်ငန်းစဉ်များ၊ စားသုံးသူတို့၏ အခွင့်အရေး(၈)ချက်နှင့် တာဝန်(၄)ရပ်၊ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့် တာဝန်(၁၁)ချက်နှင့် စားသုံးသူ ပြည်သူများအနေဖြင့် ဈေးကွက် အတွင်း ကုန်ပစ္စည်းများကို သတိထားဝယ်ယူသုံးစွဲကြရေး စသည့်စားသုံးသူကာကွယ်ရေးဆိုင်ရာ သိမှတ်ဖွယ်ရာများတို့ကို ဆွေးနွေးပြောကြားခဲ့သည်။

    စားသုံးသူနစ်နာဆုံးရှုံးမှုဖြစ်ပေါ်ပါက တိုင်းဒေသကြီးပြည်နယ်များ ၊ ခရိုင်ဦးစီးမှူးရုံးများရှိ စားသုံးသူသတင်း ပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံ‌ဆောင်ရွက်ရေးစင်တာ(CICC)ရုံးများ၊ စားသုံးသူရေးရာဦးစီးဌာန၏ Website ဖြစ်သော www.doca.gov.mm ထဲသို့ ဝင်ရောက်တိုင်ကြားနိုင်ပါကြောင်းနှင့် Consumer Call Center ဖြစ်သည့်(1535)သို့ ခေါ်ဆိုတိုင်ကြားနိုင်ပါကြောင်း ဆွေးနွေးပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

 DOCA(ဧရာဝတီ)