သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
16 May 2024

              စားအုန်းဆီကို ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ မသမာသောရည်ရွယ်ချက်ဖြင့် အခြားဆီများနှင့် ရောနှောရောင်းချခြင်းများမပြုလုပ်ကြရန် အလေးနက်တိုက်တွန်းအပ်ကြောင်း၊ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းကထုတ်ပြန်ခဲ့သည့်အပေါ် မြန်မာနိုင်ငံဆီကုန်သည်များအသင်းမှ ရောင်းချခွင့် ပေးထားသည့် စားအုန်းဆီ လက်လီ၊ လက်ကားအရောင်းကိုယ်စားလှယ်များနှင့် စားအုန်းဆီတရားမဝင်သိုလှောင်ဖြန့်ဖြူးခြင်း၊ ဈေးနှုန်းမြှင့်တင်ရောင်းချမှုတို့အား စိစစ်ဖော်ထုတ်နိုင်ရေးအတွက် စစ်ဆေးရေးအဖွဲ့မှတ

16 May 2024

    မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ သထုံမြို့နယ်တာဝန်ခံသည် ၁၅.၅.၂၀၂၄ ရက်နေ့တွင် သထုံမြို့နယ်အတွင်းရှိ စက်သုံးဆီဆိုင်များအား စျေးနှုန်းတည်ငြိမ်ရေးအတွက် သထုံမြို့နယ် စီမံအုပ်ချူပ်ရေးအဖွဲ့ပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် စက်သုံးဆီအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

16 May 2024

     စားသုံးသူရေးရာဦးစီးဌာန၊ ပေါင်မြို့နယ်တာဝန်ခံသည် ၁၄.၅.၂၀၂၄ ရက်နေ့တွင် ပေါင်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပူးပေါင်း၍ ပေါင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၌ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်း မှတ်ပုံတင်ခြင်းဆိုင်ရာ အသိပညာပေး Talk Show ဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

16 May 2024

     စားသုံးသူရေးရာဦးစီးဌာန၊ နေပြည်တော်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် (၁၄-၅-၂၀၂၄) ရက်နေ့တွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ လယ်ဝေးမြို့နယ်အတွင်းရှိ စားအုန်းဆီလက်ကား ရောင်းချသည့်ဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

16 May 2024

         စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး၏ညွှန်ကြားချက်အရ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်၌ စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းစေရေးနှင့်ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးတို့အတွက် ၂၀၂၄ခုနှစ်၊ မေလ(၉)ရက်နေ့၊ နံနက်(၁၁:၀၀)နာရီအချိန်တွင် စည်ပင်သာယာမြို့မဈေးအပြင် ဈေးပိုင်းရပ်ကွက်နှင့် အခြားရပ်ကွက်များတွင်း ဖြန့်ဖြူးရောင်းချလျှက်ရှိသော စားသောက်ကုန်ပစ္စည်းအရောင်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

Pages