သတင်းနှင့် လှုပ်ရှားမှုများ
စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှုးရုံး၏ညွန်ကြားချက်အရ ကော့မှူးမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအနေဖြင့် စားသုံးဆီအမျိုးမျိုးဝယ်ယူသုံးစွဲရာ၌ ဘေးအန္တရာယ်ကင်းရှင်းစေရန်နှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရန်ရည်ရွယ်၍ ၂၀၂၄ခုနှစ်၊မေလ(၁၁) ရက်နေ့၊ နံနက်(၁၀:၃၀)အချိန်တွင် စည်ပင်သာယာမြို့မဈေးအတွင်း/ အပြင်ရှိ ကုန်ခြောက်ဆိုင်များသို့ စားသုံးဆီအမျိုးမျိုးရောင်းချနေမှုအခြေအနေအား ဈေးကွက်အတွင်းကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။

စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးနှင့် မြို့နယ်တာဝန်ခံသည် (၁၃.၅.၂၀၂၄) ရက်နေ့ နံနက်(၀၇:၀၀) အချိန်တွင် ဟင်္သာတခရိုင် စိုက်-တိုး-မြှင့်-အဖွဲ့၊ မြို့နယ်စိုက်-တိုးမြှင့် အဖွဲ့ဝင်များ၊ တလုတ္ထော်မြို့ အုပ်ချုပ်ရေးမှူး၊ တလုတ္ထော်တိုက်နယ်ရှိကျေးရွာအုပ်ချုပ်ရေးမှူး များနှင့်အတူ တလုတ္ထော် မြို့နှင့်ဇရပ်ကွင်းကျေးရွာအုပ်စု၌ ဟင်္သာတခရိုင်/မြို့နယ် စိုက်တိုးမြှင့်ကော်မတီမှ ကျင်းပပြုလုပ်သော ၂၀၂၄-၂၀၂၅ခုနှစ် မိုးစပါးရာသီ မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးအတွက် “သစ်စိ

စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးနှင့်အဖွဲ့သည် ဟင်္သာတခရိုင်၊ ပန်းပဲတန်း ရပ်ကွက်၊ ရွှေမြင်တင်လမ်းရှိ သူနာပြုသင်တန်းကျောင်းခန်းမတွင် ဆရာမများနှင့် သင်တန်းသား/သူ (၂၈၀) ဦးအား (၁၂.၅.၂၀၂၄) ရက်နေ့ နေ့လယ်(၁၃:၃၀)အချိန်တွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်းများကို ဆောင်ရွက်ခဲ့ပါသည်။

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာများတွင် လက်လီ၊ လက်ကားရောင်းချလျှက်ရှိသော စားအုန်းဆီကိုယ်စားလှယ်ဆိုင်များတွင် ဖြန့်ဖြူးရောင်းချလျှက်ရှိသောစားအုန်းဆီဆိုင်များကို ညွှန်ကြားချက်နှင့်အညီ စားသုံးသူပြည်သူများ ဈေးနှုန်းတည်ငြိမ်စွာဖြင့် အလွယ်တကူဝယ်ယူရရှိနိုင်ရန် ဖြန့်ဖြူးရောင်းချခြင်းရှိ/ မရှိ မေလ(၁၀)ရက်နေ့၊ နံနက်(၉:၃၀)အချိန်တွင် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။

စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး၏ညွှန်ကြားချက်အရ တွံတေးမြို့နယ်အတွင်းရှိ စားသုံးသူပြည်သူများအနေဖြင့် စားသုံးဆီအမျိုးမျိုးတို့အား ဝယ်ယူသုံးစွဲရာတွင် ဘေးကင်းလုံခြုံစိတ်ချရမှုရှိစေရန်နှင့် စနစ်တကျဝယ်ယူသုံးစွဲတတ်စေရန်ရည်ရွယ်၍ ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးတို့အတွက် မေလ(၁၃)ရက်နေ့၊ နံနက်(၈:၃၀)အချိန်နာရီတွင် တွံတေးမြို့နယ် စည်ပင်သာယာဈေးတွင် ရောင်းချလျှက်ရှိသောကုန်စုံဆိုင်များရှိ စားသုံးဆီအမျိုးမျိုးတို့တွင် သတ်မှတ်ထားသော ကုန်အညွှန်းအမှတ်အ
