သတင်းနှင့် လှုပ်ရှားမှုများ
“မွန်ပြည်နယ်ရော်ဘာစိုက်တောင်သူများနှင့့်ဆုံပွဲ” အခမ်းအနားကို မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ဇမ္ဗူကျော်ဟိုတယ်၌ ကျင်းပပြုလုပ်ခဲ့ရာ မွန်ပြည်နယ် စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး တက်ရောက်ခဲ့ပါသည်။ အဆိုပါ တွေ့ဆုံပွဲသို့ မွန်ပြည်နယ်အစိုးရအဖွဲ့၊ စီးပွားရေးရာဝန်ကြီး နိုင်လယိတမ၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ ဒေါက်တာထိန်လင်းနှင့် တာဝန်ရှိသူများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ မွန်ပြည်နယ်ရုံးမှ ဝန်ထမ်းများ၊ မွန်ပြည်နယ်စားသုံးသူရေးရာဦးစီးဌာနမှ
မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ပေါင်မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် ၇.၁၂.၂၀၂၂ ရက်နေ့တွင် ပေါင်မြို့နယ်၊ အထက (ခွဲ) ထန်းပင်ချောင် ကျောင်း၌ စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောပွဲကျင်းပပြုလုပ်ခဲ့သည်။
၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၇ ရက်နေ့၌ မွန်ပြည်နယ်စားသုံးသူရေးရာဦးစီးဌာနမှ ဒုတိယဦးစီးမှူးဒေါ်ခင်ကြည်နှင့်ဝန်ထမ်းများသည် မွန်ပြည်နယ် ချောင်းဆုံမြို့နယ်၊ ရွာလွတ်ကျေးရွာရှိ ဟိန်းကျော်ကြား မြန်မာ့လက်မှုပညာနှင့်မွန်ရိုးရာအထည်အမျိုးမျိုး အရောင်းဆိုင်သို့ သွားရောက်၍ ဆိုင်ပိုင်ရှင်လုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။
မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ကျောင်းကျန်းမာရေးကော်မတီနှင့် ပူးပေါင်း၍ ၇.၁၂.၂၀၂၂ ရက်နေ့တွင် အ.ထ.က (ရွာလွတ်) ကျောင်းမုန့်ဈေးတန်းအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။
မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ချောင်းဆုံမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် ၇.၁၂.၂၀၂၂ ရက်နေ့ နံနက် (၁၁:၀၀) နာရီအချိန်တွင် ချောင်းဆုံမြို့နယ် အ.ထ.က (ရွာလွတ်) ကျောင်း၌ စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောဆွေးနွေးပွဲ ပြုလုပ်ခဲ့ပါသည်။