သတင်းနှင့် လှုပ်ရှားမှုများ
စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်တာဝန်ခံ ဦးဇော်ဇော်ထွေးသည် ၂၀၂၄ခုနှစ်၊ မေလ ၁၅ရက်နေ့၊ နံနက်ပိုင်းတွင် ရေတာရှည်မြို့ရှိ ဆီကုန်သည် ဦးမျိုးဝင်းအောင်၏ ကုန်စုံဆိုင်၌ ရေတာရှည်မြို့ပေါ်ရှိ စားအုန်းဆီလက်လီ/လက်ကားရောင်းချသူများနှင့်တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ၂၀၂၄ခုနှစ်၊ မေလ ၁၄ရက်နေ့၊ နံနက်ပိုင်းတွင် တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၊ မြို့လှမြို့ရှိ Light House (အလင်းအိမ်) ကော်ဖီလုပ်ငန်းသို့ လာရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး လုပ်ငန်းပိုမိုတိုးတက်အောင်မြင်ရေးအတွက် လိုအပ်သည်များကို သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။

စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများနှင့် ပဲခူးမြို့နယ်တာဝန်ခံတို့သည် (၁၆-၅-၂၀၂၄) ရက်နေ့တွင် ပဲခူးမြို့ပေါ်ရှိ ဆန်သိုလှောင်ရုံများနှင့် ဆန်အရောင်းဆိုင်များသို့သွားရောက်၍ ဆန်သိုလှောင်ထားရှိမှုနှင့် ရောင်းချဖြန့်ဖြူးမှုအခြေအနေများကို ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။

ကော့သောင်းခရိုင် ကုန်ဈေးနှုန်းတည်ငြိမ်ရေးလုပ်ငန်းအဖွဲ့ဖြင့် ၂၀၂၄ခုနှစ်၊ မေ လ ၁၅ ရက်နေ့၊ နေ့လယ် (၁၄:၀၀)နာရီတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏ လမ်းညွှန်ချက်အရ ကော့သောင်းမြို့ပေါ်ရှိ ဆန်နှင့် ဆီအရောင်းဆိုင်(၅)ဆိုင်အား ကွင်းဆင်းစစ်ဆေးကြပ်မတ်ဆောင်ရွက်ခဲ့ပါသည်။

စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများနှင့် ပဲခူးမြို့နယ်တာဝန်ခံတို့သည် (၁၅-၅-၂၀၂၄) ရက်နေ့တွင် ပဲခူးမြို့အတွင်းရှိ ခွဲတမ်းရရှိသော စားအုန်းဆီရောင်းချမှုပြုလုပ်နေသည့် ကုန်စုံဆိုင်များသို့သွားရောက်၍ ကွင်းဆင်းစစ်ဆေးမှုများပြုလုပ်ခဲ့ပါသည်။
