သတင်းနှင့် လှုပ်ရှားမှုများ
ကချင်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးကျော်မိုးလွင်သည် ၈.၁၂.၂၀၂၂ ရက်နေ့ နံနက် ၁၀း၃၀နာရီအချိန်တွင် မိုးညှင်းမြို့ ၊သာစည်ရပ်ကွက်ရှိ ကုန်စုံဆိုင်များအား ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် ပတ်သက်၍ စားသုံးသူကာကွယ်ရေးဥပဒေပါ ပြဌာန်းချက်နှင့်ကိုက်ညီမှု ရှိ မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးအောင်ကျော်ဦးသည် ၁၃.၁၂.၂၀၂၂ ရက်နေ့ နေ့လယ် ၁ဝး၀၀ နာရီတွင် ဗန်းမော်ခရိုင်ဦးစီးမှူးရုံး၌ ဗန်းမော်မြို့၊ မင်းကုန်းရပ်ကွက်ရှိ (ဗန်းမော်မန္တလေး) အဝေးပြေးယာဉ်လိုင်းမှ ဂိတ်တာဝန်ခံ တွေ့ဆုံဆွေးနွေးခဲ့ပါသည်။
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို ဆောက်ရွက်ရမည့်စီမံချက်များ ချမှတ်၍ဆောင်ရွက်လျက်ရှိရာ (၉.၁၂.၂၀၂၂)ရက်နေ့၊ နံနက်(၁၁:၀၀)နာရီအချိန်တွင် ရွှေဘိုမြို့၊ အမှတ် (၂)ရပ်ကွက်၊ ပြင်ဈေးရပ်ရှိ အမှတ်(၅)၊ အခြေခံပညာအထက်တန်းကျောင်းတွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ဆောင်ရွက်ခဲ့ပါသည်။
၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၉ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မုံရွာခရိုင်ဦးစီးရုံးမှ ခရိုင်ဦးစီးမှူးနှင့် မုံရွာမြို့နယ်တာဝန်ခံ စစ်ဆေးရေးအရာရှိတို့သည် မုံရွာမြို့၊ သလ္လာအမှတ် (၉) ရပ်ကွက်ရှိ အောင်ချမ်းငြိမ်း မုန့်မျိုးစုံလုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။ ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် ကုန်ကြမ်းရရှိမှု၊ ကုန်ချောထုတ်လုပ်မှု၊ ဈေးကွက်အခြေအနေ၊ လက်ရှိရင်ဆိုင်နေရသော အခက်အခဲများမေးမြန်းဆွေးနွေးခဲ့ပြီးနောက် ထုတ်လုပ်သောကုန်ပစ္စည်းများ၏ ကုန်အညွှန်းအမှတ်အသားဖော်ပြမှုနှင့်
စစ်ကိုင်းတိုင်းဒေသကြီး၊ မင်းကင်းမြို့နယ်တာဝန်ခံ ဦးဝင်းမင်းဦး (အကြီးတန်းစာရေး)သည် ( ၉.၁၂.၂၀၂၂ ) ရက်နေ့၊ နံနက် ( ၁၀:၀၀ )နာရီအချိန်တွင် အင်းတောင်းကျေးရွာရှိ ( မူလတန်း )ကျောင်းသို့ သွားရောက်၍ စားသုံးသူအသိပညာပေး ဟောပြောပွဲကျင်းပပြုလုပ်ခဲ့ပါသည်။