သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
13 Dec 2022

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ဓာတ်မြေဩဇာအစားထိုးထုတ်ကုန် ထုတ်လုပ်ဖြန့်ဖြူးရောင်းချသူများ အသင်းဖွဲ့စည်းခြင်း အစည်းအဝေးကို ၇.၁၂.၂၀၂၂ ရက်နေ့တွင် မွန်ပြည်နယ် စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံး၌ ကျင်းပပြုလုပ်ခဲ့ရာ သဘာဝမြေဩဇာထုတ်လုပ်သည့် လုပ်ငန်းရှင်များ၊ ပြည်နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများ စုစုပေါင်း (၁၆) ဦးတက်ရောက်ခဲ့ပါသည်။

13 Dec 2022

မွန်ပြည်နယ်စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ၇.၁၂.၂၀၂၂ ရက်နေ့တွင် ကျိုက်မရောမြို့နယ်၊ ခရုံရွာ၊ မော်လမြိုင်မြို့၊ ဈေးကြိုရပ်၊ မုဒုံမြို့နယ်၊ နိုင်းပလိုင်ကျေးရွာတို့တွင် လည်းကောင်း၊ ၈.၁၂.၂၀၂၂ ရက်နေ့တွင် ကျိုက်မရောမြို့နယ်၊ လက်ပံကျေးရွာ၊ မော်လမြိုင်မြို့၊ သီရိမြိုင်ရပ်ကွက်နှင့် ဘိုကုန်းရပ်ကွက်တို့တွင်လည်းကောင်း ကုမ္ပဏီမှ ဖြန့်ဖြူးရောင်းချသည့် စားအုန်းဆီများအား ဈေးကွက်အတွင်း လက်လီ/လက်ကားဖြန့်ဖြူးရောင်းချခြင်းကို ကြပ်မတ်ဆောင်ရွက်ခဲ့ပါသည်။

13 Dec 2022

မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ချောင်းဆုံမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် ၇.၁၂.၂၀၂၂ ရက်နေ့ နံနက် (၀၉:၃၀) နာရီအချိန်တွင် ချောင်းဆုံမြို့နယ် အ.မ.က (မုဒွန်းအနောက်) ကျောင်း၌ စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောဆွေးနွေးပွဲပြုလုပ်ခဲ့ပါသည်။

13 Dec 2022

မွန်ပြည်နယ်၊စားသုံးသူရေးရာဦးစီးဌာန၊ ဘီးလင်းမြို့နယ်၊ နှင်းပုလဲကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်း (အထက)ခွဲ ကျောင်း၌ ၂.၁၂.၂၀၂၂ ရက်နေ့တွင် မြို့နယ်တာဝန်ခံရုံးမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောပွဲ ကျင်းပခဲ့ရာ ဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်များအကြောင်း၊ လက်ရှိဆောင်ရွက်နေသော လုပ်ငန်းတာဝန်များအကြောင်း၊ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ ဘေးအန္တရာယ်ကင်းသော ကုန်စည်နှင့်ဝန်ဆောင်မှုများကို ရွေးချယ်ဝယ်ယူအသုံးပြုတတ်စေရန်၊ ကုန်အညွှန်းအမှတ်အသားအကြောင်းအရာမျ

13 Dec 2022

မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ကျောင်းကျန်းမာရေးကော်မတီနှင့် ပူးပေါင်း၍ ၆.၁၂.၂၀၂၂ ရက်နေ့တွင် မော်လမြိုင်မြို့ အ.ထ.က(၁၀) ကျောင်းမုန့်ဈေးတန်းအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

Pages