
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ် တာဝန်ခံနှင့် ဝန်ထမ်းတို့သည် ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ (၂၁) ရက်နေ့၊ နေ့လယ် (1၃:၀၀) နာရီအချိန်တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်း၍ ကျောင်းကုန်းမြို့နယ် မြို့မဈေးအတွင်းရှိ မုန့်ဆိုင်အား FDA ထောက်ခံချ ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။
သို့ဖြစ်ပါ၍ ကျောင်းကုန်းမြို့ပေါ်ရှိ မုန့်မျိုးစုံ အရောင်းဆိုင်တွင် ရောင်းချနေသော မုန့်များတွင် ကုန်အညွှန်းအမှတ်အသားနှင့် FDA ထောက်ခံချက်ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာ ရောင်းချ နေသော မုန့်များတွင် မြန်မာဘာသာဖြင့်ရေးသားဖော်ပြထားသော ကုန်အညွှန်းအမှတ် အသားနှင့် FDA ထောက်ခံချက်များ ပါရှိကြောင်း ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့မှုအရ သတင်းရရှိပါသည်။
(DOCA ဧရာဝတီ)