သတင်းနှင့် လှုပ်ရှားမှုများ
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် သရက်ခရိုင်၊ သရက်မြို့နယ်ရှိ ဈေးကွက်များ၌ ရောင်းချဖြန့်ဖြူးလျက်ရှိသော ကုန်စည်များအား ဘေးကင်းလုံခြုံစိတ်ချရမှုရှိစေရေးအတွက် အလေးထားဆောင်ရွက်လျက်ရှိရာ (၂၅.၁၁.၂၀၂၂)ရက်နေ့၊ နံနက်(၀၉:၃၀)နာရီ အချိန်တွင် သရက်ခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများနှင့် သရက်မြို့နယ်တာဝန်ခံသည် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊
၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ (၂၂) ရက်နေ့တွင် ကလေးခရိုင်ဦးစီးမှူးရုံးနယ်မြေအတွင်းရှိ ကလေးဝမြို့၊ ကမ်းနားဆိပ်ကမ်းရှိ ဈေးဆိုင်များအား မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဦးဆောင်၍ စားသုံးသူရေးရာဦးစီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ စည်ပင်သာယာရေး ကော်မတီ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် မီးသတ်တပ်ဖွဲ့များ ပူးပေါင်း၍ ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်း လုပ်ငန်းဆောင်ရွက်ခဲ့ပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ မုံရွာခရိုင်ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူးနှင့် မုံရွာမြို့နယ် တာဝန်ခံတို့သည် ကလေးသူငယ်များအား အခြေခံမှစ၍ စားသုံးသူရေးရာနှင့်ပတ်သက်သည့် အသိပညာဗဟုသုတများ ရရှိစေရန်ရည်ရွယ်၍ စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောပွဲအခမ်းအနားကို (၂၃.၁၁.၂၀၂၂) ရက် နံနက် (၁၀:၀၀)နာရီအချိန်တွင် မုံရွာမြို့၊ နန္ဒဝန်ရပ်ကွက်ရှိ အ.မ.က (၁၅၉)ကျောင်း၌ ကျင်းပ ပြုလုပ်ရာ ကျောင်းအုပ်ဆရာကြီး၊ ဆရာ/ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်းအင်အား (၁၃၀)ဦး တက်ရောက်ခဲ့ပါသည်။
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင် ဝါးခယ်မမြို့နယ် တာဝန်ခံ ဦးအောင်မိုးသည် အားကစားနှင့်ကာယပညာဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊တိုင်းရင်းဆေးပညာဦးစီးဌာနတို့နှင့် ပူးပေါင်း၍ (၂၅.၁၁.၂၀၂၂)ရက်နေ့နံနက် (၁၁:၀၀)နာရီက ဝါးခယ်မမြို့နယ် ကျုံတိုင်းကျေးရွာ အထကကျောင်းတွင် ဆရာ/ဆရာမ၊ ကျောင်းသား၊ ကျောင်းသူများအား စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောဆောင်ရွက် ခဲ့ပါသည်။ ထိုသို့ဟောပြောဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ ဝါးခယ်မမြို့နယ် တာဝန်ခံ
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ် ခရိုင်ဦးစီးမှူး ဦးဇော်မင်း၊ ဒု-ခရိုင်ဦးစီးမှူး ဦးအောင်ဇော်ဦးနှင့် ဝန်ထမ်းများသည် (၂၂.၁၁.၂၀၂၂၀) ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် မအူပင်ဆန်စက်အသင်းရုံး၌ ဆန်စက်လုပ်ငန်းရှင်အသင်းနှင့် တွေ့ဆုံ၍ စားသုံးသူကာကွယ်ရေးဥပဒေအကြောင်း အသိပညာပေး ဟောပြောဆွေးနွေးခဲ့ပါသည်။ အဆိုပါတွေ့ဆုံဆွေးနွေးပွဲတွင် စားသုံးသူရေးရာဦးစီးဌာနမှ ဒု-ခရိုင်ဦးစီးမှူး ဦးအောင်ဇော်ဦးမှ စားသုံးသူကာကွယ်ရေးဥပဒေပါ အဓိပ္ပာယ်နှင့်ဖော်ပြချက်၊ က