သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
28 Nov 2022

     ကချင်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူပြည်သူများ ဘေးအန္တရာယ် ကင်းရှင်းပြီး ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရန်အတွက် စစ်ဆေးရေးမှူး ဒေါ်နှောင်းနှောင်းဝင်းသည် ၂၅.၁၁.၂၀၂၂ရက်နေ့ နံနက်၉း၀၃နာရီအချိန်တွင် ဗန်းမော်မြို့၊ ဆင်ကုန်းရပ်ကွက်ရှိ၊ ကုန်မျိုးစုံရောင်းချနေသည့် ကုန်စုံဆိုင်များအား စားသုံးသူကာကွယ်ရေးဥပဒေပါကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် ပတ်သက်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။ ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရ

28 Nov 2022

         စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင် ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူများအား စားသုံးသူကာကွယ်ရေးနှင့်စပ်လျဉ်း၍ အသိပညာပေးဗဟုသုတများးရရှိစေရန်ရည်ရွယ်ချက်ဖြင့် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲများ ဆောင်ရွက်လျက်ရှိရာ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ (၂၃) ရက်နေ့၊ နံနက် (၁၀:၃၀) နာရီအချိန်တွင် ရွှေဘိုမြို့၊ အမှတ် (၄)၊ အခြေခံပညာအထက်တန်းကျောင်းရှိ ကျောင်းသား/ကျောင်းသူများအား  စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲ ဆောင်ရွက်ခဲ့ပါသည်။

28 Nov 2022

       နိုင်ငံတော်အနေဖြင့် ပြည်တွင်းဆီစက်များကို အဆင့်မီစက်ပစ္စည်းများ တိုးချဲ့တပ်ဆင်ခြင်း၊ ခေတ်မီဆီစက်အသစ်များ ထပ်မံတည်ဆောက်ခြင်းနှင့် လက်ရှိဆီစက်များ အဆင့်မြှင့်တင်ခြင်းတို့ကို ဆောင်ရွက်နိုင်ရေးအတွက် ရင်းနှီးမြှုပ်နှံမှုလိုအပ်ချက်များကို ဖြည့်ဆည်းပေးရန်ရည်ရွယ်၍ ဆီစက်လုပ်ငန်းများကို ဆီစက်လုပ်ငန်းများဖွံ့ဖြိုးရေးချေးငွေ ထုတ်ချေးသွားရန် စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။ သို့ဖြစ်ပါ၍ တိုင်းဒေသကြီး/ ပြည်နယ်/ ပြည်ထောင်စုနယ်မြေတို့ရှိ စိတ်ပါဝင်စားသော ဆီစက်လုပ်ငန်းရှင်များအနေဖြင့် ဆီစက်

28 Nov 2022

       စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင် ရေတာရှည်မြို့နယ်တာဝန်ခံ ဒုတိယဦးစီးမှူး ဦးဇော်ဇော်ထွေးသည် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်အေးဆုစံနှင့်အတူ နိုဝင်ဘာလ ၂၂ ရက်နေ့ နံနက်ပိုင်းက ရေတာရှည်မြို့ အမှတ် (၃) ရပ်ကွက်ရှိ အခြေခံပညာမူလတန်းကျောင်းတွင် ပြုလုပ်သည့်အသိပညာပေးဟောပြောပွဲတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာများကို အသိပညာပေးဟောပြောခဲ့ရာ ကျောင်းသား/ကျောင်းသူ ၁၀၈ ဦးတက်ရောက်ခဲ့ပါသည်။

28 Nov 2022

         စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူးရုံးမှ ဦးစီးမှူး ဦးစောသန်းထိုက်ကျော်သည် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ခင်သူဇာဝင်း၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ မြို့နယ်အားကစားမှူး ဒေါ်သူဇာထွေးတို့နှင့်အတူ နိုဝင်ဘာလ ၂၃ ရက်နေ့ မွန်းလွဲပိုင်းက တောင်ငူမြို့ အမှတ် ၁၀ ရပ်ကွက်ရှိ အုတ်ကျွတ် (၁) အခြေခံပညာအလယ်တန်းကျောင်းခွဲ၌ပြုလုပ်သည့် အသိပညာပေးဟောပြောပွဲတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ သိကောင်းစရာများကို ဟောပြောခဲ့ရာ ကျောင်းသားကျောင်းသူ ၉၂ ဦး တက်

Pages