
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ပုသိမ်ခရိုင် ငပုတောမြို့နယ် မြို့နယ်ရုံးရှိ ဝန်ထမ်းများသည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ ဆန်စက်ပိုင်ရှင်များအသင်းတို့နှင့် ပူးပေါင်း၍ (၂၁.၇.၂၀၂၅) ရက်နေ့ နံနက်(၀၈:၀၀) နာရီအချိန်တွင် ငပုတောမြို့နယ်ရှိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ပင်စင်စားဝန်ထမ်းများအား ဆီနှင့် ဆန်များကို သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးမှုနှင့် ကျန်းမာရေးစစ်ဆေးမှုများ ပြုလုပ်ခဲ့ပါသည်။
ထိုသို့ရောင်းချရာတွင် ဌာနဆိုင်ရာများမှ ပင်စင်စားဝန်ထမ်းများအား သက်သာသောဈေးနှုန်းများဖြင့် ဆီနှင့်ဆန်များ ဝယ်ယူရရှိနိုင်ရေးအတွက် ဆောင်ရွက်ပေးခဲ့ပါသည်။ ဆီ(၅၀)သား လျှင်(၃၅၀၀) ကျပ်နှင့် ဧည့်မထဆန်တစ်ပြည်လျှင် (၂၂၀၀)ကျပ်ဖြင့် ရောင်းချပေးခဲ့ပါသည်။ ဆက်လက်၍လည်း ပင်စင်စားဝန်ထမ်းများအား ကျန်းမာရေးဦးစီးဌာနရှိ ဝန်ထမ်းများမှ ကျန်းမာရေးစစ်ဆေးမှုများ ပြုလုပ်ပေးခဲ့ပါသည်။
DOCA (ဧရာဝတီ)