သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
15 May 2024

     စားသုံးသူရေးရာဦးစီးဌာန၊ ကျိုက်ထိုခရိုင်ဦးစီးမှူးနှင့် ကျိုက်ထိုမြို့နယ်တာဝန်ခံတို့သည် ၁၃.၅.၂၀၂၄ ရက်နေ့တွင် ကျိုက်ထိုမြို့နယ်ရှိ ဆီစက်လုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။

15 May 2024

    မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ကျိုက်မရောမြို့နယ်တာဝန်ခံသည် ၁၀.၅.၂၀၂၄ ရက်နေ့တွင် ကျိုက်မရောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ကျိုက်မရောမြို့နယ် စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍ “အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်း လုပ်ငန်းမှတ်ပုံတင်ခြင်းဆိုင်ရာ အသိပညာပေး” Talk Show ဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

15 May 2024

    ၁၃.၅.၂၀၂၄ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးသည် ပြည်နယ်ဦးစီးမှူးရုံးခန်း၌ ဆီလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။

15 May 2024

       စားသုံးသူရေးရာဦးစီးဌာန၊ မုံရွာခရိုင်ဦးစီးမှူးရုံးမှ ချောင်းဦးမြို့နယ်တာဝန်ခံသည် စားသုံးသူကာကွယ်ပေးရေး၊ အသိပညာများတိုးပွားရရှိစေရေး အသိပညာပေးဟောပြောပွဲအခမ်းအနားကို ၂၀၂၄ခုနှစ်၊ မေလ ၉ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင်ပြုလုပ်ခဲ့ရာ မုံရွာမြို့၊ အ.ထ.က -၂ တွင်ကျင်းပပြုလုပ်သည့် အလယ်အလတ်အဆင့် မွန်းမံသင်တန်း၌ တက်ရာက်လျက်ရှိသော ဆရာ/ ဆရာမစုစုပေါင်း (၁၀၅) ဦးတက်ရောက်ခဲ့ကြကြောင်းသိရှိရပါသည်။

15 May 2024

   ဧရာဝတီတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန ဒုတိုင်းဦးစီးမှူးနှင့်ဝန်ထမ်းများသည် ပုသိမ်မြို့ပေါ်ရှိ သူနာပြုနှင့်သားဖွားသင်တန်းကျောင်းတွင် မေလ ၁၀ ရက်၊နံနက် (၁၀:၀၀) နာရီ သင်တန်းကျောင်းအုပ်ဆရာမကြီး ဒေါ်အေးအေးသင်းနှင့်ဆရာမများ သင်တန်းသူ (၈၆) ဦးအား အသိပညာပေးဟောပြောဆွေးနွေး၍ စားသုံးသူအကာအကွယ်ပေးရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပါသည်၊၊

Pages