သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
24 Nov 2022

     စားသုံးသူရေးရာဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ခရိုင်ဦးစီးမှူးရုံးအနေဖြင့် ၂၀၂၂ခုနှစ်၊ နိုဝင်ဘာ တတိယပတ်တွင် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲကို (၁၆-၁၁-၂၀၂၂)ရက်နေ့တွင် ပုဗ္ဗသီရိမြို့နယ်၊ အခြေခံပညာမူလတန်းလွန်ကျောင်း၊ ကျောက်စရစ် ကုန်း၌ နံနက် (၁၀:၀၀)အချိန်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ ပထမဦးစွာ ကျောင်းအုပ်ဆရာမကြီးမှ အဖွင့်အမှာစကားပြောကြားပြီး နေပြည်တော်ခရိုင်ဦးစီးမှူးရုံးမှ ဦးမြင့်နိုင်၊ ဦးစီးမှူးက စားသုံးသူများ နစ်နာ ဆုံးရှုံးမှုများနှင့်ပတ်သက်၍ စားသုံးသူရေးရာဦးစီ

23 Nov 2022

           ဧရာဝတီတိုင်းဒေသကြီး၊       စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် တာဝန်ခံ ဦးအောင်မိုးသည် (၁၈.၁၁.၂၀၂၂)ရက်နေ့၊ နံနက်(၁၁:၀၀)နာရီက  မြို့နယ်စည်ပင်သာယာ ရေးအဖွဲ့နှင့်ပူးပေါင်း၍ ဝါးခယ်မမြို့၊ အောင်သပြေဈေးရှိ ကုန်မျိုးစုံဆိုင်များတွင် ရောင်းချနေသော ကုန်ပစ္စည်းများ၌ ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်၊

23 Nov 2022

          မွန်ပြည်နယ် အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ (MSME) ဖွံ့ဖြိုး တိုးတက်ရေးအေဂျင်စီ (၁/၂၀၂၂) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၁၈.၁၁.၂၀၂၂ ရက်နေ့ ၁၀၀၀ နာရီတွင် မွန်ပြည်နယ်အစိုးရအဖွဲ့ရုံး၊ အောင်ဆန်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ်နှင့်စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးအပါအဝင် MSME Agency အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြ ပါသည်။

23 Nov 2022

         မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးနှင့် သမဝါယမဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူးတို့သည် ၂၂.၁၁.၂၀၂၂ ရက်နေ့တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ချေးငွေရရှိသည့် အအေးခန်းစက်ရုံလုပ်ငန်းရှင်များကို ပြည်နယ်ဦးစီးမှူးရုံးခန်း၌ တွေ့ဆုံဆွေးနွေးခဲ့သည်။

23 Nov 2022

        ပဲခူးတိုင်းဒေသကြီး ၊ စားသုံးသူရေးရာဦးစီးဌာန ၊ ညောင်လေးပင်ခရိုင် ၊ ဒိုက်ဦးမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများ ၊ ဒိုက်ဦးမြို့မ စည်ပင်သာယာဈေးတာဝန်ခံတို့  နှင့် ပူး‌ပေါင်း၍ ၂၁.၁၁.၂၀၂၂ ရက်နေ့တွင် ဒိုက်ဦးမြို့မဈေးအတွင်း ရောင်းချနေသာ ကုန်မျိုးစုံဆိုင်များရှိ စည်သွပ်အစားအစာ ဘူးများတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာ ဖော်ပြထားခြင်း ရှိ ၊ မရှိ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။

Pages