
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမ၌ စားသုံးကာကွယ်ရေးအသိပညာပေးTalk Showကို (၂၂.၇.၂၀၂၅) နေ့ နေ့လယ်(၁၄:၀၀) နာရီ က ကျင်းပ ပြုလုပ်ခဲ့သည်။
ဆွေးနွေးပွဲတွင် ကျိုက်ထိုမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိက အသိပညာပေး ဆွေးနွေးပွဲကျင်းပပြုလုပ်ရသည့်ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး ပန်းတနော်မြို့နယ်စားသုံးသူရေးရာဦးစီးဌာန ဒေါ်သင်းသင်းမာ ကစားသုံးသူ ကာကွယ်ရေး ဥပဒေအကြောင်း၊ ကုန်ပစ္စည်းများတွင်ပါဝင်သည့် ကုန်အညွှန်းအမှတ်အသား များနှင့်ပတ်သက်၍ စားသုံးသူပြည်သူများပိုမိုသိရှိစေရန် ကုန်စည်၏တံဆိပ်အမှတ်အသား၊ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်း၊ ထုတ်လုပ်သည့်ရက်စွဲနှင့် သက်တမ်းကုန်ဆုံးသည့်ရက်စွဲ၊ ထုတ်လုပ်မှုအမှတ်စဥ် စသည့်စားသုံးသူကာကွယ်ရေးဥပဒေအခန်း (၁၈)၏ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်ပတ်သက်၍ ဆောင်ရွက်ရမည့်လိုအပ်ချက် အကြောင်းအရာများ၊ စီးပွားရေးလုပ်ငန်းရှင်များမှ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် လိုအပ်သည့်အချက်များ၊ ပစ္စည်းများခွဲခြား၍ သတ်မှတ်ထားမှုနှင့် ကုန်အညွှန်းအမှတ်အသားဆောင်ရွက်လျှင် ဆက်သွယ်ရမည့် အကြောင်းအရာများတို့ကို ရှင်းလင်းဆွေးနွေးခြင်း၊ ကုန်စည်ကို ဖြစ်စေ၊ ဝန်ဆောင်မှုကို ဖြစ်စေ အွန်လိုင်းမှဆင့် (Online)စနစ် များကို shop vedio ဖွင့်ပြပြီး လုပ်ငန်းရှင်များ နားလည်နိုင်စေရန် ဥပမာပေး ရှင်းလင်းခဲ့ သည်၊။ မှဆင့် ဝန်ဆောင် မှုပေး၍ ရောင်းချသည့် လုပ်ငန်းကို ဆိုလိုကြောင်း၊ (အမိန့်ကြော်ငြာစာ အမှတ် ၅၁/၂၀၂၃)၊ကို စီးပွား ရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ထုတ်ပြန်ထားကြောင်း၊ အွန်လိုင်းဝယ်ယူမှုနှင့် ပတ်သက်၍ စားသုံးသူများ လိမ်လည်မှု (၂)မျိုးဖြင့် လိမ်လည်ခံနေရကြောင်း၊ ၎င်းကို ကာကွယ် ထိန်းကြောင်း နိုင်ရန် သက်ဆိုင်ရာ ဌာနများက ဥပဒေစည်းမျဉ်း များဖြင့် ထိန်ကြောင်း ဆောင်ရွက်ခြင်း ဖြစ်ကြောင်း၊အွန်လိုင်းမှတ်ပုံတင်ဆောင် ရွက်ပြီး လုပ်ငန်းလို အပ်ချက် နှင့် အသိပညာ အွန်လိုင်းနှင့် ပတ်သက်၍ မှတ်ပုံတင်လုပ်ငန်းကို အမိန်ကြော်ငြာစာ ထုတ်ပြန်ပြီးကာလ ၆လအကြာတွင် ပြင်ဆင် ရက်သတ်မှတ်ထားပြီး သတ်မှတ်ကာလ ကျော်လွန်ပါက မှတ်ပုံတင်ဆောင်ရွက်ထားခြင်းများ မရှိကြောင်း စစ်ဆေးတွေ့ရှိ ရပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေ ပုဒ်မ ၅ အရ မရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း လုပ်ငန်းရှင်များ သိရှိနိုင်ရန် မသိပေး ရှင်းလင်းဆွေးနွေးခဲ့ကြောင်းသိရသည်။
DOCA(ဧရာဝတီ)