သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
30 Nov 2022

   ပြည်ထောင်စုနယ်မြေ၊ စားသုံးသူရေးရာဦးစီးဌာန၊ နေပြည်တော်ဦးစီး မှူးရုံးနှင့် Diamond Dragon Companyတို့ ပူးပေါင်း၍ သက်သာသောဈေးနှုန်းဖြင့် စားသုံးသူ ပြည်သူများထံသို့ ဘူးသွင်းပြီး စားအုန်းဆီများကို (၂၆-၁၁-၂၀၂၂)ရက်နေ့တွင် ဇမ္ဗူသီရိမြို့နယ်၊ သပြေကုန်းဈေးနှင့် မြို့မဈေး တို့တွင် လည်းကောင်း စုစုပေါင်း စည်ပင်သာယာဈေး (၂)ဈေးတွင် တစ်ပိဿာ (၅၃၀၀)ကျပ်နှုန်းဖြင့် လူတစ်ဦး တစ်ပိဿာနှုန်းဖြင့် ပြည်သူများ လက်ဝယ်အရောက် ရောင်းချပေးခဲ့ကြောင်း သတင်းရရှိ ပါသည်။

30 Nov 2022

       မော်လမြိုင်အေးခန်းစက်ရုံများ (Coldstore)  အစုအဖွဲ့ ဖွဲ့စည်းခြင်းအခမ်းအနားကို ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ (၂၇) ရက်၊ တနင်္ဂနွေနေ့ နံနက်(၁၀)နာရီအချိန်တွင် မွန်ပြည်နယ် စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်ရာ အခမ်းအနားသို့ ပြည်နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ အအေးခန်းစက်ရုံလုပ်ငန်းရှင်များ စုစုပေါင်း(၁၉)ဦး တက်ရောက်ပါသည်။

30 Nov 2022

     ပြည်ထောင်စုနယ်မြေ၊ စားသုံးသူရေးရာဦးစီးဌာန၊ နေပြည်တော်ဦးစီးမှူးရုံးနှင့် Diamond Dragon Companyတို့ ပူးပေါင်း၍ သက်သာသောဈေးနှုန်းဖြင့် စားသုံးသူ ပြည်သူများထံသို့ ဘူးသွင်းပြီး စားအုန်းဆီများကို (၂၅-၁၁-၂၀၂၂)ရက်နေ့တွင် ပျဉ်မနားမြို့နယ်၊ အာဟာရသုခဈေးတွင် လည်းကောင်း၊ ဇေယျာသီရိမြို့နယ်၊ ရေဆင်းဈေးနှင့် ပြည်စံအောင်ဈေးတို့တွင်လည်းကောင်း၊ ပုဗ္ဗသီရိ မြို့နယ်၊ ပုဗ္ဗသီရိဈေးတွင်လည်းကောင်း၊ စုစုပေါင်း စည်ပင်သာယာဈေး (၄)ဈေးတွင် တစ်ပိဿာလျှင် (၅၃၀၀)ကျပ်နှုန်း၊ လူတစ်ဦးလျှင် တစ်ပိဿာနှုန်း ပြည

30 Nov 2022

      မွန်ပြည်နယ်၊မော်လမြိုင်မြို့၊ ငွေမိုးဟိုတယ်၌ စိုက်ပျိုးရေးဦးစီးဌာနမှ ဦးဆောင်ကျင်းပသော “ရော်ဘာအထွက်နှုန်းတိုးတက်ရေးနှင့် အရည်အသွေးမြင့်မားရေးအလုပ်ရုံဆွေးနွေးပွဲ”ကို ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၂၄ ရက် နံနက် ၈ နာရီခွဲ အချိန်တွင် ကျင်းပခဲ့သည်။ ဆွေးနွေးပွဲသို့ မွန်ပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း ၊ စိုက်ပျိုးရေးဦးစီးဌာနမှဝန်ထမ်းများ၊ စားသုံးသူရေးရာဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ ရော်ဘာလုပ်ငန်းရှင်များ စုစုပေါင်း(၃၀) ဦး တက်ရောက်ခဲ့ပါသည်။

30 Nov 2022

        (၂၄-၁၁-၂၀၂၂)ရက်နေ့၌ ပြည်ထောင်စုနယ်မြေ၊ စားသုံးသူရေးရာဦးစီးဌာန၊ နေပြည်တော်ဦးစီး မှူးရုံးနှင့် Diamond Dragon Companyတို့ ပူးပေါင်း၍ သက်သာသောဈေးနှုန်းဖြင့် စားသုံးသူပြည်သူများထံသို့ ဘူးသွင်းပြီး စားအုန်းဆီများကို ပျဉ်မနားမြို့နယ်၊ ယုဇနဈေးတွင် လည်းကောင်း၊ ဒက္ခိဏသီရိမြို့နယ်၊ ဒက္ခိဏသီရိဈေးတွင်လည်းကောင်း၊ လယ်ဝေးမြို့နယ်၊ လယ်ဝေးဈေးတွင်လည်း ကောင်း၊ စုစုပေါင်း စည်ပင်သာယာဈေး (၃)ဈေးတွင် တစ်ပိဿာ (၅၃၀၀)ကျပ်နှုန်းဖြင့် လူတစ်ဦး တစ်ပိဿာနှုန်းဖြင့် ပြည်သူများ လက်ဝယ်အရောက် ရောင်းချပ

Pages