ဟင်္သာတမြို့နယ် ဌေးဝင်းဈေးအတွင်း စားသုံးဆီအရောင်းဆိုင်များအား အဖွဲ့နှင့် ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

   စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတမြို့နယ်တာဝန်ခံသည် (၂၁.၇.၂၀၂၅)ရက်နေ့ နံနက် (၀၉:၀၀)အချိန်တွင် သက်ဆိုင်ရာဌာနအဖွဲ့နှင့်အတူ ဟင်္သာတမြို့၊ရုံးကြီးရပ်ကွက်၊ဌေးဝင်းဈေးအတွင်း ရှိ စားသုံးဆီအရောင်းဆိုင်များအား သတ်မှတ်ရည်ညွှန်းဈေးထက်ဈေးနှုန်း မြှင့်တင်ရောင်း ချမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းကို   ဆောင်ရွက်ခဲ့ပါသည်။

     ထိုသို့ကွင်းဆင်းရာတွင် ပူးပေါင်းအဖွဲ့သည် ခွဲတမ်းရ စားသုံးဆီ ကုန်စုံဆိုင်လုပ်ငန်းရှင်များ အနေဖြင့် စားအုန်းဆီရောင်းချရာတွင် ရပ်ကွက်၊ကျေးရွာနေပြည်သူများအား နှံ့နှံ့စပ်စပ် ရောင်းချပေး ရန်၊ ဆီရောင်းချရာတွင်လည်း Daily စာရင်းများပြုစုထားရှိပြီး သတ်မှတ်ရည်ညွှန်းဈေး ထက်မပိုပဲ မှန်မှန်ကန်ကန်ရောင်းချရန်၊ ဆိုင်များတွင် သတ်မှတ်ရည်ညွှန်းဈေးရေးသားထားသည့် ဗွီနိုင်းများကို ချိတ်ဆွဲထား၍ရောင်းချရန် စိစစ်ခဲ့ပြီး၊ ဆက်လက်၍ စားသုံးသူရေးရာဦးစီးဌာနမှ ဟင်္သာတမြို့နယ် တာဝန်ခံ ဦးမိုးကျော်က ကုန်စုံဆိုင်လုပ်ငန်းရှင်များအနေဖြင့် ဈေးကွက် အတွင်း ရောင်းချလျက်ရှိသော ကုန်စည်များတွင် စားသုံးသူများဘေးအန္တရာယ် ကင်းရှင်းစွာအသုံးပြုနိုင်စေရေး ကုန်စည်များပေါ်တွင် ကုန်အညွှန်းအမှတ်အသား အချက်အလက် ပြည့်စုံသော ကုန်ပစ္စည်းများ၊ မြန်မာဘာသာဖြင့် ပြည့်စုံစွာ ဖော်ပြထားသော ကုန်စည်များကိုသာ ရွေးချယ်၍ရောင်းချပေးစေလိုကြောင်း၊ စားသုံးဆီလက်လီ/ လက္ကားဖြန့်ဖြူးရောင်းချရာတွင် သတ်မှတ်ရည်ညွှန်းဈေးနှုန်းဖြင့်သာ ရောင်းချလျက်ရှိပြီး ဈေးနှုန်းမြှင့် တင်ရောင်းချမှု မရှိကြောင်း စိစစ်တွေ့ရှိရသည်ဟု သိရှိရပါသည်။

DOCA (ဧရာဝတီ)