
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးတင်ကိုနှင့် ဝန်ထမ်းတို့သည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျန်းမာရေး ဦးစီးဌာနတို့နှင့် ပူးပေါင်း၍ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ(၂၁) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ကျောင်းကုန်းမြို့နယ် အမှတ်(၂)အတွင်းရှိစားသောက်ဆိုင်အား ကွင်းဆင်း စစ်ဆေး ခဲ့ကြပါသည်။
အဆိုပါကွင်းဆင်းစစ်ဆေးရာတွင် ရောင်းချနေသော စားသောက်ဆိုင်များရှိ စားဖိုဆောင် များတွင် စားသုံးသူဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် ထားရှိသော စားသောက်ကုန် ပစ္စည်းများလုံခြုံစွာ ဖုံးအုပ်ထားရှိမှုအခြေအနေ၊ အစားအစာများ ချက်ပြုတ်ရာတွင် အသုံးပြု သော အိုး၊ခွက်၊ဇွန်း၊ခရင်းများ သန့်ရှင်းသပ်ရပ်မှုရှိစေရေး၊ အသား/ငါး များကို လှီးဖြတ်ရာတွင် အသုံးပြုသော စဉ့်နှီးတုံးများ အား ဆေးကြော၍ စနစ်တကျ ထားရှိကြရန်နှင့် ထွက်ရှိလာသော စွန့်ပစ်ပစ္စည်းများအား စနစ်တကျ စွန့်ပစ်ကြရန်နှင့် ယင်ကောင်ကြောင့် ဖြစ်သော ဝမ်းပျက်/ ဝမ်းလျှော ကာလဝမ်း ရောဂါများ ဖြစ်ပွားမှုမရှိစေရေး အသိပညာပေး ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
(DOCA ဧရာဝတီ)