သတင်းနှင့် လှုပ်ရှားမှုများ
စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံးရှိ ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးအထောက်အကူပြု Wednesday Talk နှင့် စာပေစကားဝိုင်း ဆွေးနွေးပွဲကို ၂၀၂၄ ခုနှစ်၊ ၁၅.၅.၂၀၂၄ ရက်နေ့၊ နေ့လယ် (၁၄:၀၀) နာရီအချိန်တွင် တိုင်းဒေသကြီး ဦးစီးမှူးရုံး၊ အစည်းအဝေးခန်းမ၌ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် ပထမပိုင်း၊ ဒုတိယပိုင်း ဟူ၍ နှစ်ပိုင်းခွဲကာ ကျင်းပပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။ ထိုသို့ပြုလုပ် ဆောင်ရွက်ခြင်းသည် ဝန်ထမ်းများအား ဝန်ထမ်းစွမ်းဆောင်ရည်မြင့်မာ

၁၄.၅.၂၀၂၄ ရက်နေ့၊နေ့လယ် (၁၄:၀၀)နာရီအချိန် စီပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရရုံး DICA အစည်းအဝေးခန်းမတွင် တိုင်းဒေသကြီး စားသုံးသူရေးရာကော်မတီ (၂/၂၀၂၄) ကြိမ်မြောက်အစည်းအဝေးကို ကျင်းပဆောင်ရွက်ရာ စားသုံးသူရေးရာကော်မတီဥက္ကဌစီးပွာရေးရာဝန်ကြီးက အဖွင့်အမှာစကားပြောကြားပြီး ကော်မတီအဖွဲ့ဝင်များနှင့် စားသုံးသူရေးရာဦးစီးဌာန ဝန်ထမ်းများစုစုပေါင်း(၁၅)ဦး တက်ရောက်ကြောင်း သတင်းရရှိပါသည်။

စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်ချက်အရ စားသုံးသူများအားလုံးသည် ကုန်စည်နှင့် ]ဝန်ဆောင်မှုများအသုံးပြုရာတွင် ဘေးအန္တရာယ်ကင်းရှင်းစွာသုံးစွဲနိုင်ရေးအတွက် ခရိုင်အတွင်းရှိ ထုတ်လုပ်လျက်ရှိသော ကုန်စည်များနှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်းနှင့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာဖော်ပြမှုရှိစေရေးရည်ရွယ်၍ ဆောင်ရွက်လျက်ရှိရာ ပြည်ခရိုင်အတွင်း ၂၀၂၄ခုနှစ်၊ မေလ (၁)ရက်နေ့မှ (၁၅)ရက်နေ့အတွင်း ပြည်မြို့၊ မြို့သစ်(၁၃) လမ်းနေ၊ ဦးရဲနောင်မြင့်၏ စန်းကမ္ဘာ
စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ ဒုတိယပြည်နယ် ဦးစီးမှူးနှင့် ဝန်ထမ်းများသည် ၁၇.၅.၂၀၂၄ ရက်နေ့တွင် မိတ်ဖက်ဌာနများနှင့် ပူးပေါင်း၍ မော်လမြိုင် မြို့နယ်အတွင်းရှိ ကုန်စုံဆိုင်(၇)ဆိုင်သို့သွားရောက်၍ အသင့်စား ခေါက်ဆွဲခြောက်ထုပ် အမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာ အသင့်စားခေါက်ဆွဲခြောက်ထုပ်အမျိုးမျိုးတွင် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၊ ညွှန်ကြားချက်အမှတ် (၂/၂၀၁၉) အရ ကုန်အညွှန်းအမှတ်အသားပြည့်စုံမှန်ကန်စွာ ဖော်ပြထားမှု ရှိ/မရှိ၊ သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်ရှိ/မရှိ စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ရာ သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်များ ပါရှိပြီး ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာ ဖော်ပြထားသည်ကို တွေ့ရှိရကြောင်း သိရှိရပါသည်။
DOCA(မွန်)
စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူး ဦးမျိုးအောင်သည် ဒုတိယခရိုင်ဦးစီးမှူးနှင့် စစ်ဆေးရေးမှူးများ၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူးရုံးမှ လက်ထောက်ကြီးကြပ်ရေးမှူး ဦးငြိမ်းမင်းအောင်တို့နှင့်အတူ ၂၀၂၄ခုနှစ်၊ မေလ ၁၄ရက်နေ့၊ နံနက်ပိုင်းတွင် တောင်ငူမြို့ရှိ ဆေးဆိုင်ကြီးများသို့သွားရောက်၍ ဆရာဝန်ညွှန်ကြားချက်မလိုသော အိမ်သုံးဆေးဝါးများ၌ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်နှင့်အညီ မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားများဖော်ပြထာ
