သတင်းနှင့် လှုပ်ရှားမှုများ
စားသုံးသူရေးရာဦးစီးဌာန၊ ကချင်ပြည်နယ် ဦးစီးမှူးရုံးမှ ဝန်ထမ်းများအား ဝန်ထမ်း စွမ်းဆောင်ရည်တိုးတက်လာစေရန် 15.12.2022 ရက်နေ့ 13:00 နာရီအချိန်တွင် Thursday Talk ဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ မြစ်ကြီးနားခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးဘောမ်ဇုန်းသည် ၁၄.၁၂.၂၀၂၂ရက်နေ့ နံနက်၁၁း၀၀နာရီအချိန်တွင် ဝိုင်းမော်မြို့၊ အမှတ်(၃)ရပ်ကွက်နှင့် အမှတ်(၄) ရပ်ကွက်ရှိ ကုန်စုံဆိုင်များအား ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်ပတ်သက်၍ စားသုံးသူ ကာကွယ်ရေးဥပဒေပါပြဌာန်းချက်နှင့် ကိုက်ညီမှု ရှိ မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ဓနုဖြူမြို့နယ် ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူးဦးဝင်းမင်းစိုးနှင့် ဝန်ထမ်းများသည် မိတ်ဖက်ဌာနများဖြစ်သော စိုက်ပျိုးရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့တို့နှင့်အတူ (၁၀.၁၂.၂၀၂၀) ရက်နေ့ နေ့လယ် (၁၅း၀၀)နာရီအချိန်တွင် ဓနုဖြူမြို့ပေါ်ရှိ ဓါတ်မြေဩဇာရောင်းချလျက်ရှိသောဆိုင် (၆)ဆိုင်သို့ကွင်းဆင်း၍ မြင်းပျံအမှတ် တံဆိပ်ဓါတ် မြေဩဇာများတွင် ကုန်အညွှန်းအမှတ်အသားများကို မြန်မာဘာသာဖြင့် ဖော်ပြထားခြင်း ရှိ/ မရှိ ၊ အတုအပတံဆိပ်များရောင်းချခြင်း ရှိ
စားသုံးသူရေးရာဦးစီးဌာန၊ ပေါင်မြို့နယ်တာဝန်ခံသည် ၁၄.၁၂.၂၀၂၂ ရက်နေ့တွင် ပေါင်မြို့နယ်တာဝန်ခံရုံး၌ ပက်ပ်စီ ကုမ္ပဏီမှ ရောင်းချဖြန့်ဖြူးရေးတာဝန်ခံနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။
စားသုံးသူရေးရာဦးစီးဌာန၊ ကျိုက်ထိုခရိုင်ဦးစီးမှူးနှင့် ကျိုက်ထိုမြို့နယ်တာဝန်ခံတို့သည် ၁၄.၁၂.၂၀၂၂ ရက်နေ့တွင် မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ ကျောင်းကျန်းမာရေးကော်မတီတို့နှင့် ပူးပေါင်း၍ အထက (၂) ကျိုက်ထို ကျောင်းမုန့်ဈေးတန်းအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။