သတင်းနှင့် လှုပ်ရှားမှုများ
စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းသည် မြို့မစည်ပင်သာယာရေးဈေးအတွင်းရှိ ကုန်စုံဆိုင်များအားမေလ (၁၆)ရက်နေ့၊ နေ့လယ်(၀၉:၀၀) နာရီအချိန်တွင် ပူးပေါင်းအဖွဲ့များဖြင့် ငပုတောမြို့နယ်၊ မြို့နယ် စည်ပင်သာယာရေးဈေးတွင် ကုန်စုံဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

စားသုံးသူရေးရာဦးစီးဌာန၊ ဇလွန်မြို့နယ်တာဝန်ခံသည် မိတ်ဖက်ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ (၁၄-၅-၂၀၂၄)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ဗိုလ်ချုပ်လမ်း၊ လမ်းမတော်(မ) ရပ်ကွက်ရှိ အလှကုန်ပစ္စည်းအရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည်စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ပါသည်။

(၁၇.၅.၂၀၂၄)ရက်နေ့၊နေ့လယ် (၁၁:၃၀)အချိန်တွင် ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ် ဦးစီးမှူးရုံးမှ ဦးခိုင်လွမ်းမိုးနှင့် ဝန်ထမ်းများသည် မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီဌာနှင့် ပူးပေါင်းကာ ကျောက်တိုင်ကျေးရွာအုပ်စု ခုနှစ်အိမ်တန်း ကျေးရွာနေပြည်သူ (၂၀)ဦးအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟော ပြောခဲ့ကြသည်။

(၁၅.၅.၂၀၂၄) ရက်နေ့ ညနေပိုင်းက ဓနုဖြူမြို့နယ် စိုက်ပျိုးရေးဦးစီဌာနရုံး၌ တောင်သူများ ဆီထွက်သီးနှံ အထွက်နှုန်းတိုးတက်ရေး တောင်သူအသိပညာပေး အစည်းအဝေးပွဲသို့ ဓနုဖြူမြို့နယ် တာဝန်ခံရုံးမှ ဦးခိုင်

စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် လုပ်ငန်းရှင်များသိသင့်သိထိုက်သော ဥပဒေအကြောင်းအရာများကို မေလ(၁၆)ရက်နေ့၊ နေ့လည်(၁၄:၀၀)နာရီအချိန်တွင် ပူးပေါင်းအဖွဲ့များဖြင့် ကျောင်းကုန်းမြို့နယ်၊ မြို့နယ် စည်ပင်သာယာရေးဈေးတာဝန်ခံရုံးတွင် ကုန်စုံဆိုင်လုပ်ငန်းရှင်များအား အသိပညာပေးဟောပြောခဲ့ပါသည်။
