သတင်းနှင့် လှုပ်ရှားမှုများ
(၁၄-၅-၂၀၂၄)ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ကြံခင်းမြို့နယ်တာဝန်ခံသည် စည်ပင်သာရေးအဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ သိပ္ပံလမ်း၊ ရွာသစ်ရပ်ကွက်ရှိ ကုန်မျိုးစုံဆိုင်များအား ဈေးကွက်စောင့်ကြည်စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ပါသည်။

ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်ဦးစီးမှူးရုံးမှ ဦးခိုင်လွမ်းမိုး (အငယ်တန်းစာရေး)သည် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပူးပေါင်း၍ စားသုံး သူကာကွယ်ရေးအသိ ပညာပေး Talk Showကို ၂၀၂၄ခုနှစ် မေလ ၁၆ရက်နေ့ နေ့လယ် (၁၃:၀၀) နာရီ အချိန်တွင် ဓနုဖြူလူထု အခြေပြု ဗဟိုဌာန Communit Center ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြပါသည်။

စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျုံပျော်မြို့နယ်၊ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် မြို့မစည်ပင်သာယာရေးဈေးအတွင်းရှိကုန်စုံဆိုင်များအား မေလ(၁၆) ရက်နေ့၊ နေ့လည် (၁၀:၀၀) နာရီအချိန်တွင် ပူးပေါင်းအဖွဲ့များဖြင့် ကျုံပျော်မြို့နယ်၊ မြို့နယ်စည်ပင်သာယာရေးဈေးတွင် ကုန်စုံဆိုင်များအားဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။ ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ ကျုံပျော်မြို့နယ် တာဝန်ခံက အခြေခံစားသောက်ကုန်ဈေးနှုန်းများ ဈေးနှုန်းမြင

ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်ဦးစီးမှူးရုံးမှ ဦးခိုင်လွမ်းမိုး(အငယ်တန်းစာရေး)သည် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပူးပေါင်း၍ စားသုံးသူကာကွယ်ရေးအသိပညာပေး Talk Show ကို ၂၀၂၄ခုနှစ်၊ မေလ ၁၆ရက်နေ့၊ နေ့လယ် (၁၃:၀၀) နာရီ အချိန်တွင် ဓနုဖြူလူထုအခြေပြုဗဟိုဌာန Communit Center ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြပါသည်။
နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်တွင် ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်းအခြေအနေများ ကွင်းဆင်းဆောင်ရွက်ခြင်းကို မြို့နယ်စီမံကိန်းရေးဆွဲရေးဦးစီးဌာနနှင့် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်းကာ စားသောက်ကုန်လုပ်ငန်းထုတ်လုပ်သော အောင်ချမ်းသာဆီစက်၊ ယောက်ျားကြီးငါးငါးပိ၊ မြသော်တာမုန့်လုပ်ငန်းများသို့ (၁၄-၅-၂၀၂၄)ရက်နေ့တွင်သွားရောက်၍ ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။
