
၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၃၁ ရက်နေ့၊ ၁၁း၀၀ နာရီ အချိန်တွင် ထားဝယ်မြို့၊ စားသုံးသူရေးရာ ဦးစီဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးတွင် အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းများနှင့် ပတ်သက်၍ အွန်လိုင်းမှတ်ပုံတင်လက်မှတ်ရရှိပြီးဖြစ်သည့် လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့ပါ သည်။
ဆက်လက်၍ စားသုံးသူရေးရာဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးအေးလွင်မှ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းနှင့်စပ်လျဥ်း၍ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ အမိန့်ကြော် ငြာစာအမှတ်(၅၁/၂၀၂၃)ပါ မှတ်ပုံတင်လက်မှတ်ရရှိသူ၏ တာဝန်များ၊ အခွင့်အရေးများနှင့် စားသုံးသူ ကာကွယ်ရေး ဥပဒေပါ စားသုံးသူအခွင့်အရေး၊ တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာ ရမည့် တာဝန်များ အကြောင်း၊ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာများအကြောင်း ဟောပြော ဆွေးနွေးခဲ့ ကြောင်း သိရှိရပါသည်။
DOCA( တနင်္သာရီ)