ကျုံပျော်မြို့နယ်၊ စားအုန်းဆီလက်လီရောင်းချသော လုပ်ငန်းရှင်များအား အသိပညာပေးခြင်း

Powered by Drupal

         ကျုံပျော်မြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် မြို့နယ်ကုန်ဈေးနှုန်းတည်ငြိမ်ရေး လုပ်ငန်းအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် အတူ (၂၂.၇.၂၀၂၅) ရက်နေ့၊ နံနက် (၀၉း၀၀) နာရီအချိန်တွင် မြို့မစည်ပင်သာယာဈေးရုံးတွင် ဈေးအတွင်း စားအုန်းဆီလက်လီရောင်းချသော လုပ်ငန်းများနှင့် တွေ့ဆုံ၍ လုပ်ငန်းရှင် အသိပညာပေး ဆွေးနွေးခဲ့ပါသည်။

           ထိုသို့ အသိပညာပေးဆွေးနွေးရာတွင် စားအုန်းဆီများအား သတ်မှတ်ရည်ညွှန်းဈေးဖြင့်ရောင်းချရန်၊ အပတ်စဉ်ထုတ်ပြန်သည့် စားအုန်းဆီရည်ညွှန်းဈေးအား ဗီနိုင်းဖြင့် စားသုံးသူများ မြင်သာမည့်နေရာတွင်ချိတ်ဆွဲကာရောင်းချရန် ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)