
ပုသိမ်ခရိုင်၊ ပုသိမ်မြို့၊ စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦစီးမှူးနှင့် ဝန်ထမ်းများသည် (၂၁.၇.၂၀၂၅) ရက်နေ့၊ နံနက် (၁၀:၀၀) အချိန်တွင် ပုသိမ်မြို့အတွင်းရှိ ဆန်အရောင်းဆိုင်များသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။
ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ဆန်များ ဈေးနှုန်းကြီးမြင့်မှုမရှိစေရေး၊ သတ်မှတ် ရည်ညွှန်းဈေးအတိုင်းရောင်းချမှု ရှိ/မရှိ၊ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပြီး ပြည်သူများဈေးနှုန်း သက်သာစွာဖြင့် စားသုံးနိုင်ရေးနှင့်အတူ ပြည့်ပြည့်ဝဝဝယ်ယူစားသောက်နိုင်ရေး ရည်ရွယ်ချက်ဖြင့် ဆန်ဆိုင်များအား အပတ်စဉ်ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများကို အခြားမိတ်ဖက်ဌာန များနှင့် ပူးပေါင်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)