
၂၀-၇-၂၀၂၅ ရက်နေ့ နေ့လယ်(၁၄:၀၀) နာရီအချိန်တွင် ၇ရပ်ကွက် ၊ မင်းလမ်းရှိ အမေ့အိမ် ရေသန့် နှင့် ရေခဲ ထုတ်လုပ်ငန်းသို့ စားသုံးသူရေးရာဦးစီးဌာန၊ စက်မှုလက်မှု ကြီးကြပ်ရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့ တို့ ပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြသည်။
ကွင်းဆင်းစစ်ဆေးရာတွင် အမေ့အိမ် ရေခဲစက် လုပ်ငန်းပိုင်ရှင် ဦးဇေယျာမင်းနှင့် တွေဆုံ၍ ရေခဲ့ ထုတ်လုပ်မှု အခြေအနေများ၊ ရေအသုံးပြုမှု စနစ်အကြောင်း ကိုမေးမြန်းခြင်း၊ လုပ်ငန်းလိုင်စင်များကို စစ်ဆေးခြင်း၊ တစ်နေ့ ရေခဲ အမျိုးအစား ပေါင် ၃၀၀တုံး အတုံးအရေအတွက် ၁၀၀ဝန်းကျင် ၂၄နာရီအတွင်း ထွက်ရှိကြောင်း၊ အဝီစိရေးကို အသုံးပြုပြီး ၊ ထွက်ရှိသော ရေခဲများကို ငါးကန်များ၊ အချိုရေရောင်းချသူလုပ်ငန်းများ ဝယ်ယူကြောင်း၊ ဒေသတွင်းအသုံးပြုနိုင်ရန် တပိုင်တနိုင်ထုတ်လုပ်နိုင်ကြောင်း သိရှိရပြီး ရေခဲစက်မှုထုတ်လုပ်သော ရေခဲများ စားသုံးသူဘေးအန္တရာယ်ကင်းရှင်းစွာ ထုတ်လုပ်နိုင်ရေး အသိပညာပေးပြောကြားခဲ့ကြောင်း သိရသည်။
DOCA(ဧရာဝတီ)