မကွေးမြို့ပေါ်ရှိ  ဆီစက်များ၏ ကြိတ်ခွဲထုတ်လုပ်မှုအခြေအနေများအား ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

      စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးအနေဖြင့် ရုံးချုပ်၏ ညွှန်ကြားချက်အရ တိုင်းဒေသကြီးအတွင်း စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနတွင် မှတ်ပုံတင်ထားသည့် ဆီစက် များ၏ ကြိတ်ခွဲထုတ်လုပ်မှုများအား ကွင်းဆင်းစစ်ဆေး၍ လစဉ် ပေးပို့လျက်ရှိပါသည်။ (၂၁.. ၂၀၂၅) ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် တိုင်းဒေသကြီး စားသုံးဆီဖူလုံရေးကြီးကြပ်မှု ကော်မတီ အဖွဲ့ဝင်များဖြစ်သော အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေး ဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနတို့ ပါဝင်သော ပူးပေါင်းစစ်ဆေးရေး အဖွဲ့ဝင်များဖြင့် မကွေးမြို့ပေါ်ရှိ စက်မှုမှတ်ပုံတင်ထားရှိပြီးဖြစ်သည့် အမေထွား ဆီစက်၊ ဝါဝါဝင်းဆီစက်၊ ဦးသန်းဌေး အောင်ဆီစက်(ဆုံဆီ) ဇော် ဆီစက် (ဆုံဆီ) အောင်သပြေ ဆီစက်တို့ကို ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရပါသည်။

      ထိုသို့ စစ်ဆေးရာတွင် ဆီစက်များ၏ ကုန်ကြမ်းအသုံးပြုမှု၊ ကုန်ချောထွက်ရှိမှု၊ ဖြန့်ဖြူး ရောင်းချ သည့်ဒေသများ၊ ကုန်ချောလက်ကျန်၊ ကုန်ကြမ်းလက်ကျန်အခြေအနေများအား စစ်ဆေးခဲ့ပြီး မိမိတို့ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် ဆီစက်များ ပုံမှန်ကြိတ် ခွဲထုတ်လုပ် နိုင်ခဲ့ပြီး ယခုနှစ်တွင် ဈေးကွက်ဝယ်လိုအား နည်းပါး၍ ကြိတ်ခွဲမှုလျော့ကျလျက်ရှိကြောင်း၊ ဆီစက် လုပ်ငန်းရှင်များ အနေဖြင့် ရောနှောဆီများ ရောင်းချမှုမရှိစေရေးနှင့် ဘူးသွပ် ဆီများတွင် အမျိုးအမည်၊ အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှု စသည့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြရ မည်ဖြစ်ကြောင်း၊ မိမိတို့၏ ကုန်အမှတ်တံဆိပ်များအား စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာန၊ မူပိုင်ခွင့်ဦးစီးဌာနသို့ onlineဖြင့် ကုန်အမှတ်တံဆိပ်မူပိုင်ခွင့် လျှောက်ထားနိုင်ကြောင်း အသိပညာ ပေးဆွေးနွေးပြေားကြားခဲ့ကြောင်း သိရရှိသည်။

DOCA(မကွေး)