သတင်းနှင့် လှုပ်ရှားမှုများ
တမူးနယ်စပ်ကုန်သွယ်ရေးစခန်းအနေဖြင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွက် ကုန်သွယ်မှုလျာထားချက်မှာ ပို့ကုန်ပမာဏ အမေရိကန်ဒေါ်လာသန်းပေါင်း(70.000)၊ သွင်းကုန်ပမာဏ အမေရိကန် ဒေါ်လာသန်းပေါင်း(3.000)၊ စုစုပေါင်း ကုန်သွယ်မှုပမာဏ ကျပ်သန်း(73.000)ဖြစ်ပါသည်။ တမူး နယ်စပ်ကုန်သွယ်ရေးစခန်းမှ အိန္ဒိယနိုင်ငံသို့ ကုန်သွယ်မှုအနေဖြင့် ၂၀၂၂ခုနှစ်၊ ဧပြီလမှ အောက်တို ဘာလအထိ (၇)လတာကာလအတွင်း ပို့ကုန် ပမာဏအမေရိကန်ဒေါ်လာသန်း(6.239)၊ သွင်းကုန် ပမာဏအမေရိကန်ဒေါ်လာသန်း(3.714)၊ စုစုပေါင်းကုန်သွယ်မှုပမာဏ အမေရိကန်
စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန ၊ ကလေးခရိုင်မှ ဝန်ထမ်းများသည် နိုဝင်ဘာလ ( ၈ ) ရက်နေ့ နံနက်(၁၀:၃၀)နာရီအချိန်တွင် ကလေးမြို့နယ်ရှိ ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတွင် ကျင်းပပြုလုပ်သည့် တန်ဖိုးမြှင့်စားသောက်ကုန် Bakery ထုတ်လုပ်မှုနည်းပညာ သင်တန်းဆင်းပွဲ အခမ်းအနားသို့ သွားရောက်၍ အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရသည်။
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့နယ်တွင်းရှိ အခြေခံလူတန်းစားများအား တဖက်တလမ်းမှ စားဝတ်နေရေးအထိုက်အလျောက် ပြေလည်စေရန်အတွက် (၃.၁၁.၂၀၂၂)ရက်နေ့ နံနက်(၀၈:၄၅)နာရီအချိန်တွင် မင်းဘူးမြို့ ကားကြီးကွင်းအရှေ့ဘက်၌ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ တိုင်းဒေသကြီးအတွင်းရှိ အခြေခံလူတန်းစားများ စားဝတ်နေရေး အထောက်အကူဖြစ်စေရန် အခြေခံစားသောက်ကုန်ဖြစ်သော ဆန်များအား ဈေးနှုန်းချိုသာစွာ စားသုံးနိုင်ရေး စီစဉ်မှုအရ ဆန်အိတ်(၂၀)အား ဆန်တစ်ပြည်လျှင် ကျပ်(၁၅၀၀)ဖြင့် အိမ်ထောင်စုတစ်စုလျ
စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံးအနေဖြင့် ဝန်ထမ်းများ အသိပညာဗဟုသုတရရှိစေရန်နှင့် စွမ်းဆောင်ရည်မြင့်မားစေရန် ရည်ရွယ်၍ Thursday talk ကို (၂)ပတ် တစ်ကြိမ် ပြုလုပ်လျက်ရှိပါသည်။
ကချင်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ ဦးကျော်မိုးလွင်(ဌာနခွဲစာရေး)သည် ၈.၁၁.၂၀၂၂ ရက်နေ့တွင် မိုးညှင်းမြို့နယ်၊ နန့်ပုတ်ကျေးရွာအတွင်းရှိ စားသုံးသူများအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲ ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။