သတင်းနှင့် လှုပ်ရှားမှုများ
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင် ဝါးခယ်မမြို့နယ်တာဝန်ခံရုံးမှ ဦးအောင်မိုးသည် (၃.၅.၂၀၂၄)ရက်နေ့၊ နေ့လယ် (၁၃:၀၀)နာရီက စားသုံးသူရေးရာဦးစီးဌာန၊ ဝါးခယ်မမြို့နယ် တာဝန်ခံရုံးတွင် စားသုံးဆီလုပ်ငန်းရှင်များအား စားသုံးသူအသိပညာပေးဟောပြောပွဲ ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။

ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင် လပွတ္တာမြို့နယ် တာဝန်ခံဦးမြင့်ဌေးသည် (၆.၅.၂၀၂၄)ရက်နေ့၊ နေ့လယ် (၁၂:၀၀)နာရီက စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံရုံးတွင် ကုန်မျိုးစုံနှင့် စားသုံးဆီရောင်းချသူ စီးပွားရေးလုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲ ဆောင်ရွက်ခဲ့ပါသည်။

ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်၊ မော်ကျွန်းမြို့နယ်တာဝန်ခံ ဦးမင်းဇော်လတ်သည် (၂.၅.၂၀၂၄)ရက်နေ့၊ နေ့လယ်(၁၅:၀၀)နာရီက စားသုံးသူရေးရာဦးစီးဌာန၊ မော်ကျွန်းမြို့နယ်တာဝန်ခံရုံးတွင် စားသုံးဆီလုပ်ငန်းရှင်များအား စားသုံးသူအသိပညာပေးဟောပြောပွဲ ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။

စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ပင်ခရိုင်ဦးစီးမှူးရုံးသည် ၆.၅.၂၀၂၄ ရက်နေ့၊ နံနက်(၁၀:၀၀) အချိန်တွင် တိုင်းဒေသကြီးဦးစီးမှူးရုံး ပုသိမ်မြို့၏ ဦးဆောင်ကျင်းပပြုလုပ်သော လစဉ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို Zoom Meeting ဖြင့် ဆွေးနွေးဆောင်ရွက်ခြင်းကို တက်ရောက်ဆွေးနွေးခဲ့ပါသည်။

ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူး ဦးအောင်ဇော်ဦးနှင့် ဝန်ထမ်းများသည် ပူးပေါင်းစစ်ဆေးရေးအဖွဲ့ သည် (၃.၅.၂၀၂၂၄) ရက်နေ့၊ နံနက် (၀၉:၀၀) နာရီ အချိန်တွင် မအူပင်မြို့ စားသုံးဆီလက်ကာအရောင်းဆိုင်(၇)ဆိုင်အား ရည်ညွှန်းဈေးဖြင့် ရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။
