သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
09 Nov 2022

       ရခိုင်ပြည်နယ်၊စားသုံးသူရေးရာဦးစီးဌာန၊ တောင်ကုတ်ခရိုင်ဦးစီးမှူးသည် တောင်ကုတ်မြို့ပေါ်ရှိ စားသောက်ကုန်ထုတ်လုပ်ဖြန့်ဖြူးရောင်းချသည့် လုပ်ငန်းရှင်(၇)ဦးအား ကုန်စည်များထုတ်လုပ်ရာတွင် စားသုံးသူများဘေးအန္တရာယ်ကင်းရှင်း စေရေးနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရန် ရည်ရွယ်၍မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် ပူးပေါင်း၍   (၁-၁၁-၂၀၂၂)နေ့ နံနက်(၁၀:၀၀)နာရီခန့် အချိန်တွင် ခရိုင်ဦးစီးမှူးရုံးတွင် တွေ့ဆုံဆွေးနွေးခြင်းဆောင်ရွက်ခဲ့ပါသည်။

09 Nov 2022

       စားသုံးသူရေးရာဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးအနေဖြင့် ဝန်ထမ်းများ လူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုးတိုးတက်လာစေပြီး ရုံးလုပ်ငန်းများ ကျွမ်းကျင်မှုရှိပြီး ဌာန၏လုပ်ငန်း များဆောင် ရွက်ရာတွင် အထောက်အကူဖြစ်စေရန် ရည်ရွယ်၍ ဝန်ထမ်းစွမ်းဆောင်ရည်မြှင့် တင်ရေးသင်တန်း အမှတ်စဉ်(၃/၂၀၂၂)ကို ပြည်နယ်ဦးစီးမှူးရုံးအစည်းအဝေးခန်းမ၌ ၂၀၂၂ခုနှစ် ၊ အောက်တိုဘာလ (၂၆)ရက်နေ့မှ(၂၈)ရက်နေ့အထိ နေ့စဉ် နံနက် (၁၀:၃၀) နာရီမှ နေ့လယ် (၁၂:၀၀) နာရီအထိ လည်း ကောင်း၊ နေ့လယ် (၁၄:၀၀) မှ (၁၆:၀၀) အထိ သင်ခန်းစာပို့

09 Nov 2022

      ကယားပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ( ၃  )ရက်နေ့၊ နံနက် (၁၀:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ ပြည်နယ် စားသုံးသူရေးရာကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၅ /၂၀၂၂) ကျင်းပပြုလုပ်ဆောင်ရွက်ခဲ့ရာ ပြည်နယ်စားသုံးသူရေးရာကော်မတီ ဒု-ဥက္ကဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ပါသည်။

09 Nov 2022

      ဧရာဝတီတိုင်းဒေသကြီးစားသုံးသူရေးရာကော်မတီ၄/၂၀၂၂လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၃၁.၁၀.၂၀၂၂ ရက်နေ့နေ့လည်၁၄:၀၀နာရီ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေး ခန်းမတွင် ကျင်းပပြုလုပ်ရာ စားသုံးသူရေးရာကော်မတီဥက္ကဌ စီးပွားရေးရာဝန်ကြီးဦးတင်အေး၊ သယံဇာတ ဝန်ကြီးဦးအုန်းမြင့်၊အတွင်းရေးမှူးစားသုံးသူရေးရာဦးစီးဌာန တိုင်းဒေသကြီး ဦးစီးမှူး ဦးစိုးအောင် နှင့် စားသုံးသူရေးရာကော်မတီအဖွဲ့ဝင်(၅)ဦး စားသုံးသူရေးရာဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူး ဦးထွန်းထွန်းအပါအဝင် အရာထမ်း/အမှုထမ်း(၉)ဦး၊ စုစုပေါင်း

09 Nov 2022

     မြန်မာနိုင်ငံမှ ဘင်္ဂလာဒေ့ရှ်နိုင်ငံသို့ ဆန်တန်ချိန် နှစ်သိန်းတင်ပို့ရန် G to G သဘောတူ စာချုပ်ချုပ် ဆိုထားပြီး ပုသိမ်စက်မှုမြို့တော် ဆိပ်ကမ်းမှ ဆန်တင်ချိန်သုံးသောင်းမှ ငါးသောင်း တင် ပို့ရန်လျာထားဆောင်ရွက်လျက်ရာ အောက်တိုဘာလ ၂၈ရက် နေ့မှစတင်၍ ပထမအကြိမ် ဧည့်မထ ၅မှတ် ဆန်တန်၂၆၅၀ကို စတင်၍ သင်္ဘောတင်လျက်ရှိကြောင်း အဆိုပါ ဆိပ်ကမ်းမှ သိရပါသည်။

Pages