သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
08 May 2024

     စားသုံးသူရေးရာဦးစီးဌာန မြန်အောင်မြို့နယ်ဦးစီးမှူးနှင့်အဖွဲ့သည် မြန်အောင်မြို့နယ်၊အမှတ်(၃)ရပ်ကွက်၊ နေခြည်ဈေး၊ အစည်းအဝေးခန်းမ၌ ဆီလုပ်ငန်းရှင်(၃၀) ဦးအား (၆.၅.၂၀၂၄)ရက်နေ့ နေ့လယ် (၁၄:၀၀) နာရီအချိန်တွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်း ဆောင်ရွက်ခဲ့ပါသည်။

08 May 2024

          စားသုံးသူရေးရာဦးစီးဌာန၊ ဇလွန်မြိုု့နယ်တာဝန်ခံသည်  ဇလွန်မြို့နယ်၊ လမ်းမတော်(မ) ရပ်ကွက်၊ပုပ္ပါးလမ်းရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၌ ပြန်/ဆက်ရုံး ဝန်ထမ်းများ၊ လူမှုကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန ဝန်ထမ်းများ၊ ပညာရေးဌာနမှ ဝန်ထမ်းများအား (၃.၅.၂၀၂၄)ရက်နေ့ နံနက်(၁၁:၀၀)အချိန်တွင် စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောခြင်းများကို ဆောင်ရွက်ခဲ့ပါသည်။

08 May 2024

      စားသုံးသူရေးရာဦးစီးဌာန ကြံခင်းမြို့နယ်တာဝန်ခံသည် မိတ်ဘက်ဌာနဆိုင်ရာများနှင့် ပူးပေါင်း၍  ကြံခင်းမြို့နယ်၊ မြို့မဈေးအတွင်းရှိ ကုန်မျိုးစုံဆိုင်များအား (၆.၅.၂၀၂၄)ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

08 May 2024

       စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး၏ အစည်းအဝေးခန်းမတွင် (၆-၅-၂၀၂၄) ရက်နေ့၊ နံနက် (၁၀:၀၀)နာရီအချိန်၌ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး၊ ဒုတိယတိုင်းဒေသကြီးဦးစီးမှူးနှင့် တာဝန်ရှိသူများသည် ပဲခူးခရိုင်အတွင်းရှိ ဆီလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးပွဲပြုလုပ်ခဲ့ပါသည်။

08 May 2024

      စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး အစည်းအဝေးခန်းမတွင် (၆-၅-၂၀၂၄) ရက်နေ့၊ နံနက် (၁၁:၄၅)နာရီအချိန်၌ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး၊ ဒုတိယတိုင်းဒေသကြီးဦးစီးမှူးနှင့် တာဝန်ရှိသူများသည် ပဲခူးခရိုင်အတွင်းရှိ ဆန်စက်လုပ်ငန်းရှင်များ၊ ဆန်ကုန်သည်များနှင့် တွေ့ဆုံဆွေးနွေးပွဲပြုလုပ်ခဲ့ပါသည်။

Pages