သတင်းနှင့် လှုပ်ရှားမှုများ
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်ချက်အရ၊ ကန့်ဘလူခရိုင်ဦးစီးမှူး၏ကွပ်ကဲမှုအောက်ရှိ ကျွန်းလှမြို့နယ် တာဝန်ခံ ဒေါ်ဝေဝေအောင်သည် ၂၀၂၄ ခုနှစ်၊ မေလ(၆)ရက်နေ့ နံနက်(၀၈:၀၀)နာရီအချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင် ၊ ကျွန်းလှမြို့ပေါ်ရပ်ကွက်များရှိ ဘိလပ်မြေ အရောင်းဆိုင် (၃)ဆိုင်အား သွားရောက် ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်ချက်၊ ကန့်ဘလူခရိုင်ဦးစီးမှူး၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် ကျွန်းလှမြို့နယ် တာဝန်ခံ ဒေါ်ဝေဝေအောင်သည် စားသုံးသူပြည်သူများကို စားသုံးသူအခွင့်အရေးနှင့် အကျိုးစီးပွားကာကွယ်ရန် ၊ဘေးအန္တရာယ်ကင်းရှင်းစေရေး၊ ကျန်းမာရေး၊ ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးတို့အတွက် (၆.၅.၂၀၂၄) ရက်နေ့ နံနက်(၀၉:၃၀) နာရီ အချိန်တွင် ကျွန်းလှမြို့ခေတ်ကြိုက် သောက်ရေသန့်စက်ရုံ မန်နေဂျာနှင့် အလု

မြန်မာနိုင်ငံဆီကုန်သည်များအသင်းက ရောင်းချခွင့်ပေးထားသည့် စားအုန်းဆီလက်လီ/ လက်ကားအရောင်းကိုယ်စားလှယ်များနှင့် စားအုန်းဆီတရားမဝင်သိုလှောင်ဖြန့်ဖြူး၊ ဈေးနှုန်းမြှင့်တင်ရောင်းချမှုစိစစ်ဖော်ထုတ်နိုင်ရေးအတွက် စိစစ်ရေးအဖွဲ့မှတာဝန်ရှိသူများသည် စားအုန်းဆီဖြန့်ဖြူးရောင်းချမှုဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား ကော့မှူးမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးခန်း၌ ၂၀၂၄ခုနှစ်၊ မေလ(၂)ရက်နေ့၊ နံနက်(၁၀:၀၀) နာရီအချိန်တွင် ကျင်းပခဲ့ကြောင်းသိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းစေရေး၊ ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး၊ ဘေးအန္တရာယ်ရှိသော ကုန်စည်များ ဈေးကွက်အတွင်းမှ ပပျောက်သွားစေရေးနှင့် စားသုံးသူကာကွယ်ရေး ဥပဒေပြဌာန်းချက်ပါ ကုန်စည်များတွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားမှု အခြေအနေတို့နှင့်စပ်လျဉ်း၍ လုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေး အသိပညာပေးခြင်းလုပ်ငန်းများအား တိုင်းဒေသကြီးအတွင်းရှိ ခရိုင်၊ မြို့နယ်များတွင် လစဉ်ဆောင်ရွက်လ

စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးအောင်တင်စိုး၊ ခရိုင်ဦးစီးမှူးပါ (၂)ဦးတို့သည် လှိုင်သာယာမြို့နယ်၊ အမှတ်(၁၂၀/၁၂၁)မင်းဧရာလမ်း၊ ရွှေသံလွင်ဇုန်ရှိ MM Interplast Co.,Ltd ပလတ်စတစ်စက်ရုံသို့သွားရောက်၍ ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။
