
စားသုံးသူရေးရာဦးစီးဌာန၊ မြင်းခြံခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိ ဒေါ်ဖြိုးအိမွန်နှင့် ဝန်ထမ်းများသည် ၁၄-၇-၂၀၂၅ ရက်နေ့၊ (၁၁:၀၀)နာရီအချိန်၌ မြင်းခြံမြို့၊ စက်မှုဇုံရှိ “စွဲလန်း" အာလူးကြော်၊ ကြက်သွန်ပေါင်းကြော်လုပ်ငန်းသို့သွားရောက်၍ ထုတ်ကုန်လုံခြုံစိတ်ချရမှုဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ စားသုံးသူ၏အခွင့်အရေးများ၊ စီးပွားရေးလုပ်ငန်းရှင်များ ၏တာဝန်များ၊ မြန်မာဘာသာဖြင့်ထည့် သွင်းဖော်ပြရမည့် အချက်အလက်များအား သိရှိစေရန် တွေ့ဆုံဆွေးနွေး အသိပညာပေးခဲ့ ကြောင်းသိရှိရသည်။
စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် MSME လုပ်ငန်းများဖွံဖြိုးတိုးတက်ရေးကို အားပေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ လုပ်ငန်းသုံးစားအုန်းဆီများကို လုပ်ငန်းခွင်များတွင် မှန်ကန်စွာ သုံးစွဲ ရမည်ဖြစ်ပါကြောင်း၊ လုပ်ငန်းရှင်များအနေဖြင့် ကုန်ကြမ်းပစ္စည်းများသည် အရည်အသွေး ကောင်းမွန်မှုရှိရန်၊ မိမိတို့ထုတ်လုပ်သောကုန်ပစ္စည်းများကို သန့်ရှင်းသပ်ရပ်စွာဖြင့် ထုတ်လုပ်၍ ကျန်းမာရေး နှင့်ညီညွတ်ရန် အထူးအလေးထားလုပ်ဆောင်ရမည်ဖြစ်ပါကြောင်း၊ ကုန်စည်နှင့် သက်ဆိုင်သည့် ထည့်သွင်းဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာပါ ရှိရမည် ဖြစ်ပါကြောင်း၊ စားသုံးသူ များဘေးအန္တရာယ်ကင်းရှင်းစွာ စားသုံးနိုင်စေရေးနှင့် သက်ဆိုင်ရာ ဌာနများ၏ ပြဌာန်းချက်များကိုလည်း လိုက်နာဆောင်ရွက် ရန်လိုအပ်ပါကြောင်း စွဲလန်းအာလူး ကြော်၊ကြက်သွန်ပေါင်းကြော်လုပ်ငန်းအနေဖြင့် စားသုံးသူကာကွယ်ရေး ဥပဒေ(၂၀၁၉)၏ အခန်း (၁၈)တွင် ပြဌာန်းထားသည့် ကုန်အညွှန်းအမှတ်အသားတွင်ထည့်သွင်း ဖော်ပြရမည့် အချက်များ၊ မြန်မာဘာသာဖြင့်ရေးသားဖော်ပြရမည့်အချက်များအား အသိပညာပေး၍ ဈေးကွက်စောင့် ကြည့် စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
DOCA(မန္တလေး)