တိုင်းဒေသကြီးဦးစီးမှူးရုံးတွင်ဘိလပ်မြေရောင်းချသောလုပ်ငန်းရှင် များအားစားသုံးသူကာကွယ်ရေးရေးအသိပညာပေးဟောပြောဆောင်ရွက်

Powered by Drupal

          တိုင်းဦးစီးမှူးရုံးတွင် ဘိလပ်မြေရောင်းချသော လုပ်ငန်းရှင်များအား ဘိလပ်မြေဈေးနှုန်းများ ဈေးနှုန်းမြှင့်တင်ရောင်းချမှုမရှိစေရန် ဟောပြောခဲ့ပြီး စားသုံးသူအခွင့်အရေးနှင့် စားသုံးသူ၏ အကျိုးစီးပွားကာကွယ်ရေး ဆောင်ရွက်ချက်များအား တိုင်းဒေသကြီးဦးစီးမှူး၊ ညွှန်ကြားရေးမှူးဦးဝင်းထွန်းမှဘိလပ်မြေရောင်းချသောလုပ်ငန်းရှင်များအားစားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များအကြောင်းအသိပညာပေးဆောင်ရွက်လျှက်ရှိရာ(၂၁.၇.၂၀၂၅)ရက်နေ့ဘိလပ်မြေရောင်းချသောလုပ်ငန်းရှင်များအားအသိပညာပေးဟောပြောခဲ့ကြောင်း သိရပါသည်။

        အဆိုပါဟောပြောပွဲတွင်စားသုံးသူကာကွယ်ရေးဥပဒေကိုပြဌာန်းဆောင်ရွက်ခဲ့မှုအကြောင်း၊ စားသုံးသူကာကွယ်ရေး၏ အဓိပ္ပာယ် စားသုံးသူပြည်သူများရပိုင်းခွင့်ရှိသောစားသုံးသူအခွင့်အရေး(၈)ချက်နှင့်စားသုံးသူ၏တာဝန်များအကြောင်း၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုဆိုင်ရာ ကိစ္စရပ်များဈေးကွက်စောင့်ကြည့်၊ ကုန်အညွှန်းအမှတ်အသား

အကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များအကြောင်းနှင့် ဘိလပ်မြေဈေးနှုန်းများကို ဈေးနှုန်းများမြှင့်တင်ရောင်းချမှုမရှိစေရေး အထူးဟောပြောခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)