
တိုင်းဦးစီးမှူးရုံးတွင် စားအုန်းဆီရောင်းချသော လုပ်ငန်းရှင်များအား ဆီဈေးနှုန်းများဈေးနှုန်း မြှင့်တင်ရောင်းချမှုမရှိစေရန် ဟောပြောခဲ့ပြီးစားသုံးသူအခွင့်အရေးနှင့်စားသုံးသူ၏အကျိုးစီးပွား ကာကွယ်ရေးဆောင်ရွက်ချက်များအား တိုင်းဒေသကြီးဦးစီးမှူး၊ ညွှန်ကြားရေးမှူး ဦးဝင်းထွန်းမှ စားအုန်းဆီ ရောင်းချသောလုပ်ငန်းရှင်များအားစားသုံးသူ၏ အခွင့်အရေးနှင့်တာဝန်များအကြောင်း အသိပညာပေး ဆောင်ရွက်လျက်ရှိရာ(၂၁.၇.၂၀၂၅)ရက်နေ့ ဆီရောင်းချသောလုပ်ငန်းရှင်များအား အသိပညာပေးဟောပြောခဲ့ကြောင်း သိရပါသည်။
အဆိုပါဟောပြောပွဲတွင် စားသုံးသူကာကွယ်ရေးဥပဒေကို ပြဌာန်းဆောင်ရွက်ခဲ့မှုအကြောင်း၊ စားသုံးသူကာကွယ်ရေး၏အဓိပ္ပါယ်၊ စားသုံးသူပြည်သူများရပိုင်းခွင့်ရှိသောစားသုံးသူအခွင့်အရေး(၈)ချက်နှင့်စားသုံးသူ၏ တာဝန်များအကြောင်း၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုဆိုင်ရာ ကိစ္စရပ်များ ဈေးကွက်စောင့်ကြည့်၊ ကုန်အညွှန်းအမှတ်အသားအကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များအကြောင်းနှင့် ဆီဈေးနှုန်းများကိုဈေးနှုန်းများမြှင့်တင်ရောင်းချမှုမရှိစေရေး အထူးဟောပြောခဲ့ကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)