အားမာန်သစ် ဆီအရောင်းဆိုင်၏ စားအုန်းဆီရောင်းချနေမှုအား ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

   စားသုံးသူရေးရာဦးစီးဌာန၊ မြင်းခြံခရိုင်ဦးစီးမှူးရုံးမှ ဦးဝင်းထွန်းဦး(ဦးစီးမှူး)နှင့်ဝန်ထမ်း များသည် (၂၁-၇-၂၀၂၅)ရက်နေ့၊နံနက်(၀၉:၀၀)နာရီအချိန်တွင် မြင်းခြံမြို့၊အမှတ်(၆)ရပ်ကွက်ရှိ ကိုယ်စားလှယ် ဦးထင်လင်းဦး၏ အားမာန်သစ် စားအုန်းဆီအရောင်းဆိုင်သို့ ဈေးနှုန်းမြှင့်တင် ရောင်းချမှုရှိ/မရှိ ရှောင်တခင်ကွင်းဆင်းစစ်ဆေးခဲ့ ပါသည်။

     ကွင်းဆင်းစစ်ဆေးရာတွင် စားအုန်းဆီလက်လီ/လက်ကားရောင်းချနေသော လုပ်ငန်းရှင် များအနေဖြင့် စားအုန်းဆီများဖြန့်ဖြူးရောင်းချရာတွင် ဈေးနှုန်းများကို Vinylများ ချိတ်ဆွဲရောင်းချစေ ရေး၊ ရောင်းချသည့်ဈေးနှုန်းများကိုလည်း (၂%)အမြတ်ထက်ကျော်လွန်၍ ရောင်းချခြင်းမပြုရန်၊ အလေးချိန် အချင်အတွယ်မှန်ကန်စေရေး၊ အရေအတွက်မှန်ကန်စေရေး၊ ပြည်သူများလက်ဝယ်သို့ သက်သာသောနှုန်းထားဖြင့်အမှန်တကယ်ရောင်းချစေရေး၊ဈေးနှုန်းများအဆမတန် မြှင့်တင်ရောင်းချ မှုမရှိစေရေးနှင့် ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားမှုမရှိစေရေး၊ စားသုံးသူလက်ဝယ်သို့ အမှန်တကယ် တိုက်ရိုက်ရောက်ရှိစေရေး၊ ဌာနမှသတ်မှတ်ထုတ်ပြန် ထားသည့် အမိန့်နှင့် ညွှန်ကြားချက်များနှင့်အညီ လိုက်နာရောင်းချစေရေးတို့အတွက် မြေပြင်အခြေအနေကွင်းဆင်း ကြပ်မတ်စစ်ဆေးမှုများဆောင်ရွက်ခဲ့ကြောင်းနှင့် လက်လီအရောင်းဆိုင်များအနေဖြင့် လိုက်နာ ဆောင်ရွက်လျက်ရှိကြောင်းသိရှိရသည်။

DOCA(မန္တလေး)