သတင်းနှင့် လှုပ်ရှားမှုများ
စားသုံးသူရေးရာဦးစီးဌာန၊ လေးမျက်နှာမြို့နယ်တာဝန်ခံသည် လေးမျက်နှာမြို့နယ် ပိန်းအင်းကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူးရုံး၌ အမှုန့်ကြိတ်စက်လုပ်ငန်းရှင်များအား (၄.၄.၂၀၂၄) နေ့၊ နေ့လယ် (၁၄:၀၀)နာရီတွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်းများကို ဆောင်ရွက်ခဲ့ပါသည်။

ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ လပွတ္တာမြို့နယ်တာဝန်ခံ ဦးမြင့်ဌေးသည် (၁၀.၄.၂၀၂၄) ရက်နေ့၊ နေ့လယ် (၁၃:၀၀)နာရီအချိန်တွင် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့နှင့် ပူးပေါင်းကာ စားသုံးသူပြည်သူများအား လပွတ္တာမြို့နယ် (၃)မိုင်မြို့သစ်ရှိ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၊ Community Centre ခန်းမတွင် စားသုံးသူကာကွယ်ရေးအသိပညာပေး Talk Show ပြုလုပ်ခဲ့ပါသည်။

စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူး ဦးဇေယျာဆွေသည် (၉.၄.၂၀၂၄) နေ့၊ နံနက် (၁၁:၀၀)အချိန်တွင် ၊ ဟင်္သာတမြို့၊ လယ်တော်ရပ်ကွက်၊ ကားကြီးဝန်း အတွင်းရှိ ဟင်္သာတ ကုန်စည်ဒိုင်တွင် ကုန်စည်ရောင်းဝယ်မှုအခြေအနေများအား ကုန်စည်ဒိုင် အသင်းသားများနှင့် တွေ့ဆုံ၍ ဆွေးနွေးပွဲပြုလုပ်ခဲ့ပါသည်။

စားသုံးသူရေးရာဦးစီးဌာန၊ မြန်အောင်မြို့နယ်မှ ဒု-ဦးစီးမှူးသည် (၄.၄.၂၀၂၄)ရက်နေ့၊ နေ့လယ် (၁၄:၀၀) အချိန်တွင် မြန်အောင်မြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ စားသုံးသူရေးရာအသိပညာပေး Talk Show အစီအစဉ်ကိုဆောင်ရွက် ခဲ့ပါသည်။

စားသုံးသူရေးရာဦးစီးဌာန ကြံခင်းမြို့နယ်တာဝန်ခံသည် မိတ်ဘက်ဌာနဆိုင်ရာများနှင့် ပူးပေါင်း၍ ကြံခင်းမြို့နယ် ၊ ရွာသစ်ရပ်၊ မြို့မဈေး အတွင်းရှိ စားသုံးဆီရောင်းချသော ကုန်စုံဆိုင် များအား (၈.၄.၂၀၂၄)ရက်နေ့၊ နံနက် (၁၀:၃၀) အချိန်တွင် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ ပါသည်။
