သတင်းနှင့် လှုပ်ရှားမှုများ
ကချင်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးအောင်ကျော်ဦးသည် ၁၉.၁၀.၂၀၂၂ရက်နေ့တွင် ဗန်းမော်မြို့၊(3)မိုင်ရပ်ကွက်မှ ကုန်မျိုးစုံရောင်းဝယ်ရေး စီးပွားရေးလုပ်ငန်းရှင်နှင့် ဗန်းမော်ခရိုင်ဦးစီးမှူးရုံး၌ တွေ့ဆုံဆွေးနွေးခဲ့ပါသည်။
တနင်္သာရီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ထားဝယ်မြို့မှ စစ်ဆေးရေးအရာရှိ ဦးဆောင်သော ဝန်ထမ်းများသည် အောက်တိုဘာလ၊ ၁၈ ရက်၊ နေ့ ၁၄:၀၀ နာရီ အချိန်တွင် ထားဝယ်မြို့ပေါ်ရှိ မုန့်တိုက်များအား စျေးကွက်စောင့်ကြည့်စစ်ဆေးခဲ့သည်။
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယညွှန်ကြား ရေးမှူးချုပ်၊ ဦးခင်မောင်လှိုင်သည် တာဝန်ရှိသူများနှင့်အတူ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၁၈ ရက် နေ့တွင် ရုံးအမှတ်(၅၂) အစည်းအဝေးခန်းမ၌ “ရွှေသံလွင်ကုမ္ပဏီလီမိတက် (Sky Net ရုပ်သံလုပ်ငန်း) မှတာဝန်ရှိသူများနှင့်တွေ့ဆုံကာ Sky Net ရုပ်သံလိုင်း၏ဝန်ဆောင်မှုများနှင့်ပတ်သက်၍ တွေ့ဆုံဆွေး နွေးခဲ့ပါသည်။ အဆိုပါ ဆွေးနွေးပွဲတွင် ဒုတိယညွှန်ကြားရေးမှူးချုပ်က ဆွေးနွေးပြောကြားရာတွင် စားသုံးသူရေးရာဦးစီးဌာနသည် စ
ကုန်စည်သို့မဟုတ် ဝန်ဆောင်မှုတစ်ခုခုကို ဝယ်ယူသုံးစွဲခြင်းကြောင့် နစ်နာဆုံးရှုံးမှု တစုံတရာ ကြုံရပါက ကုစားခွင့်ရရှိရေးသည် စားသုံးသူများ၏ အခြေခံအခွင့်အရေးတစ်ရပ်ပင်ဖြစ်သည်။ စားသုံးသူ အငြင်းပွားမှုဖြေရှင်းရေးနှင့် နစ်နာမှုအတွက်ကုစားခွင့်ရရှိရေး အစီအမံများသည် ထိရောက်သော စားသုံးသူကာကွယ်ရေးစနစ်အတွက် အရေးပါသော အချက်များဖြစ်သည်။ ကမ္ဘာ့နိုင်ငံ အသီးသီးရှိ စားသုံးသူကာကွယ်ရေးအဖွဲ့အစည်းများအနေဖြင့် စားသုံးသူနစ်နာမှုများကို ထိရောက်လျှင်မြန်စွာ ကုစားခွင့် ရရှိရေးကြိုးပမ်းဆောင်ရွက်လာက
ပဲခူးတိုင်းဒေသကြီး ၊ စားသုံးသူရေးရာ ဦးစီးဌာန ၊ ညောင်လေးပင်ခရိုင်ဦးစီးမှူးနှင့် ဒိုက်ဦးမြို့နယ်တာဝန်ခံတို့သည် ဒိုက်ဦးမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာများ ပူးပေါင်း၍ ညောင်လေးပင်ခရိုင် ၁၅.၁၀.၂၀၂၂ ရက်နေ့ ၊ နေ့လယ် (၁ : ၀၀)နာရီအချိန်တွင် ဒိုက်ဦးမြို့၏ စိုက်ပျိုး ၊ မွေးမြူရေးလုပ်ငန်းများနှင့် အသေးစား ၊ အလတ်စား လုပ်ငန်းများအား ကွင်းဆင်းလေ့လာခဲ့ပါသည်။