သတင်းနှင့် လှုပ်ရှားမှုများ
ဧရာဝတီတိုင်းဒေသကြီးစားသုံးသူရေးရာဦးစီးဌာန၊ ဓနုဖြူမြို့နယ်တာဝန်ခံ ဦးဝင်းမင်းစိုးနှင့်ဝန်ထမ်းများသည် (၁၄.၁၀.၂၀၂၂)နေ့တွင် (၁၁:၁၅)နာရီအချိန်တွင် ကောက်စောစပါး ရိတ်သိမ်းချွေလှေ့နေသော ဓနုဖြူမြို့နယ် အုန်းပင်ကွင်းကျေးရွာရှိ တောင်သူဦးစည်သူအောင်နှင့်သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြပါသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင်ဦးစီးမှူးသည် ၁၄.၁၀.၂၀၂၂ ရက်နေ့တွင် စစ်ကိုင်းခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၌ တန်ဖိုးမြှင့် စားသောက်ကုန် Bakery အမျိုးမျိုးထုတ်လုပ်မှု နည်းပညာသင်တန်းတက်ရောက်လျှက်ရှိသည့် သင်တန်းသား၊ သင်တန်းသူ (၁၅)ဦးကို စားသုံးသူကာကွယ်ရေးဥပဒေအကြောင်း သိကောင်းစရာများ ဟောပြောဆွေးနွေးခဲ့ ပါသည်။
ဧရာဝတီတိုင်းဒေသကြီးစားသုံးသူရေးရာဦးစီးဌာန၊ ပန်းတနော်မြို့နယ်တာဝန်ရှိသူများနှင့် ဝန်ထမ်းများသည် (၁၄.၁၀.၂၀၂၂)နေ့တွင် (၁၀:၀၀)နာရီအချိန်တွင် ပန်းတနော်မြို့ပေါ် အရှေ့ပိုင်းရပ်ကွက် ဖြိုးသင်ဖျာလုပ်ငန်းသို့ သွားရောက်၍ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ကွင်းဆင်းဆောင်ရွက်ခဲ့ကြပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင်အနေဖြင့် စားသုံးသူကာကွယ်ရေးဆိုင်ရာ လုပ်ငန်းများဖြစ်သည့် စားသုံးသူကာကွယ်ရေး ဥပဒေဆိုင်ရာ သိကောင်းစရာများကို အသိပညာပေးဟောပြော ခြင်း၊ အသေးစား၊ အငယ်စား၊ အလတ်စား(MSME) စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများ ထုတ်လုပ်ဖြန့်ဖြူးရောင်းချသည့် စီးပွားရေးလုပ်ငန်းရှင်များထံသို့ ကွင်းဆင်းတွေ့ဆုံပြီး စားသုံးသူ ကာကွယ်ရေးဥပဒေ အခန်း(၁၈) ပုဒ်မ(၄၁)အရ စီးပွားရေးလုပ်ငန်းရှင်သည် ကုန်အညွှန်းအမှတ် အသား ဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ကုန်စည်အမျိုးအစားအလိုက် သတ
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ လပွတ္တာခရိုင် မော်ကျွန်းမြို့နယ်တာဝန်ခံ ဦးမင်းဇော်လတ်သည် (၁၄.၁၀.၂၀၂၂)ရက်နေ့နံနက်(၁၁:၃၀)နာရီအချိန်တွင် ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့နှင့်ပူးပေါင်းကာ စားသုံးသူပြည်သူများအား မော်ကျွန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၊ Community Centre ခန်းမတွင် စားသုံးသူအသိပညာပေး Talk Show ပြုလုပ်ခဲ့ပါသည်။