သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
18 Oct 2022

        ပုသိမ်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနကဦးဆောင်ပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်အုပ်ချုပ်ရေးအဖွဲ့များနှင့် ပူးပေါင်းပြီး အောက်တိုဘာလ ၁၃ ရက် နံနက် ၁၀ နာရီတွင် ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့သစ်ရပ်ကွက်ရှိ မုန့်မျိုးစုံ အရောင်းဆိုင်များအား ကုန်အညွှန်း အမှတ်အသားပြည့်စုံမှုရှိ၊ မရှိ ကွင်းဆင်းစစ် ဆေးခဲ့ပါသည်။

18 Oct 2022

        ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တာဝန်ခံ ဦးထွန်းမင်းလတ်သည် မြို့နယ်ကျန်းမာရေးအဖွဲ့များနှင့်ပူးပေါင်း၍ စားသုံးသူကာကွယ်ရေးလုပ်ငန်းများ ခိုင်မာတိုးတက်စေရေး၊ စားသုံးသူကာကွယ်ရေးဥပဒေများအား စားသုံးသူပြည်သူများသိရှိနိုင်စေရန် ရည်ရွယ်၍ အောက်တိုဘာလ (၁၂)ရက် နံနက်(၁၀) နာရီတွင် ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်ရှိ အ.မ.က မြို့သစ်ကျောင်းတွင် ဆရာ၊ ဆရာမနှင့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၂၂၄)ဦးအား အသိပညာပေး ဆွေးနွေးဟောပြောခဲ့ပါ သည်။

18 Oct 2022

         လတ်တလော စားသုံးဆီဈေးနှုန်းများမြင့်တက်လာမှုအပေါ် ပုသိမ်မြို့ပေါ်ရှိ စားသုံးသူမိဘပြည်သူများ ဈေးနှုန်းသက်သာစွာ ဝယ်ယူသုံးစွဲနိုင်ရေးကို ရည်ရွယ်၍ စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီ၏ လမ်းညွှန်ချက်နှင့်အညီ ဧရာဝတီတိုင်းဒေသကြီး ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်း (ယာယီ)နှင့်ပုသိမ်ခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့် မြို့နယ်တာဝန်ခံတို့ပူးပေါင်းပါဝင်ပြီး စားအုန်းဆီလက်လီဈေးကွက်အတွင်း ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများဖြင့်

18 Oct 2022

      ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနအနေနှင့် စားသုံးသူပြည်သူများအကျိုးကို မျှော်မှန်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများကို အမြဲမပြတ်ဆောင်ရွက်လျှက်ရှိရာ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်မှ မြို့နယ်တာဝန်ခံ ဦးထွန်းမင်းလတ်နှင့် ဝန်ထမ်းများသည် (၁၃.၁၀.၂၀၂၂) ရက်နေ့၊ နံနက်(၁၀)နာရီတွင် သာပေါင်းမြို့နယ်အတွင်းရှိ နေယုဆန်စက်သို့သွားရောက်၍ ကွင်းဆင်းမေးမြန်း ဆောင်ရွက် ခဲ့ပါသည်။

18 Oct 2022

        ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တာဝန်ခံသည် မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်ထွေအုပ်အဖွဲ့နှင့်ပူးပေါင်း၍ အောက်တိုဘာလ(၁၂)ရက် နံနက် (၁၀:၀၀) နာရီအချိန်တွင် သာပေါင်းမြို့နယ်၊ လှေကြီးတက်ကျေးရွာရှိ မိဘမေတ္တာ စက်သုံးဆီအရောင်းဆိုင်သို့ သွားရောက်၍ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

Pages