သတင်းနှင့် လှုပ်ရှားမှုများ
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ လပွတ္တာခရိုင် မော်လမြိုင်ကျွန်း မြို့နယ်တာဝန်ခံ ဦးမင်းဇော်လတ်သည် (၂၃.၁၁.၂၀၂၂)ရက်နေ့ ညနေ(၁၆:၀၀)နာရီအချိန်တွင် မော်လမြိုင်ကျွန်းမြို့ပေါ်ရှိ စက်သုံးဆီအရောင်းဆိုင်(၂)ဆိုင်အား ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။ ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်တာဝန်ခံမှ စက်သုံးဆီအရောင်းဆိုင်ပိုင်ရှင်များအား စက်ဆီ၊ ချောဆီနှင့်ဆက်စပ်ပစ္စည်းလုပ်ငန်းများအသင်းမှ ဈေးကွက်အတွင်း PPRD ၌ မှတ်ပုံတင် ထားခြင်းမရှိပဲ အရည်အသွေးမမှန်ကန်သော အာမခံချက်မရှိသည့် စက်ဆ
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ် မြို့နယ်ဦးစီးမှူး ဦးဝင်းမင်းစိုးနှင့် ဝန်ထမ်းများသည် (၂၂.၁၁.၂၀၂၂၀) ရက်နေ့ နံနက် (၀၉:၃၀) နာရီအချိန်တွင် ဓနုဖြူမြို့မဈေးတာဝန်ခံရုံးတွင် ကုန်မျိုးစုံရောင်းချသူ လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးဥပဒေ အကြောင်း အသိပညာပေး ဟောပြောဆွေးနွေးခဲ့ပါသည်။ အဆိုပါတွေ့ဆုံဆွေးနွေးပွဲတွင် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဝင်းမင်းစိုးက စားသုံးသူကာကွယ်ရေးဥပဒေပါ အဓိပ္ပာယ်နှင့် ဖော်ပြချက်၊ လုပ်ငန်းရှင်
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ စားသုံးသူရေးရာဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် နိုဝင်ဘာလ (၂၄) ရက်နေ့ ၊ နေ့လယ် (၁:၀၀) နာရီအချိန်တွင် အခြေခံပညာ အထက်တန်း ကျောင်း ရွှေညောင်မြို့၌ ကျောင်းသား/ ကျောင်းသူများ သိသင့်သိထိုက်သော အသိပညာဗဟုသုတများရရှိစေရန်အတွက် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပခြင်းများ ဆောင်ရွက်ခဲ့ပါသည်။ ရှေးဦးစွာ ရွှေညောင်မြို့အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးကျော်ထွန်းလင်းက အဖွင့်အမှာစကားပြောကြားပြီး ဒေါ်စောနန္
စားသုံးသူရေးရာဦးစီးဌာန၊ ကချင်ပြည်နယ် ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ၂၄.၁၁.၂၀၂၂ ရက်နေ့ (၁၃း၀၀) နာရီအချိန်တွင် သတင်း၊ဆောင်းပါးရေးသားမှုဆိုင်ရာ စွမ်းဆောင်ရည်တိုးတက်လာစေရန် Thursday Talk အသိပညာပေးဆွေးနွေးပွဲတွင် သတင်း၊ဆောင်းပါးရေးသားမှုဆိုင်ရာခေါင်းစဉ်ဖြင့် ဆွေးနွေးခဲ့ပါသည်။ အဆိုပါအသိပညာပေးဆွေးနွေးပွဲတွင်ပြည်နယ်ဦးစီးမှူးရုံးမှသတင်းအချက်အလက်နည်းပညာနှင့်အရည်အသွေးစီမံခန့်ခွဲရေးဌာနခွဲတာဝန်ခံ ဦးဝင်းသိန်းဦးက သတင်း၊ဆောင်းပါးရေးသားရာတွင် ပါဝင်သင့်သည့်အချက်များ၊ရှောင်ကြဉ်ရမည့်
ကချင်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူပြည်သူများ ဘေးအန္တရာယ် ကင်းရှင်းပြီး ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရန်အတွက် စစ်ဆေးရေးမှူး ဒေါ်နှောင်းနှောင်းဝင်းသည် ၂၅.၁၁.၂၀၂၂ရက်နေ့ နံနက်၉း၀၃နာရီအချိန်တွင် ဗန်းမော်မြို့၊ ဆင်ကုန်းရပ်ကွက်ရှိ၊ ကုန်မျိုးစုံရောင်းချနေသည့် ကုန်စုံဆိုင်များအား စားသုံးသူကာကွယ်ရေးဥပဒေပါကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် ပတ်သက်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။ ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရ