သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
18 Oct 2022

      မ‌ကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ် ဒေသခံတောင်သူများသည် ငမင်ဆည်၊ ကန်တော်ကြီးကန်၊ ကင်ပွန်းတောင်ဆည်၊ ယင်းမလည်ဆည်၊ ကျောက်မိချောင်း ရေလွှဲဆည်၊ ဘန်းကုန်းဆည်၊ ရန်ပယ်ဆည်နှင့် အစိုးရဆည်ငယ်ကန်ငယ်တို့မှ မြေအောက်ရေစုပ်စက်ဖြင့် မိုးစပါး သီးနှံစိုက်ပျိုးလျက်ရှိရာ လျာထားချက် (၉၇၇၉၂)ဧက ပြည့်မီကျော်လွန်စေရေးအတွက် ဇွန်လ (၂၀)ရက်မှ စ၍ စတင်စိုက်ပျိုးခဲ့ပြီး အောက်တိုဘာလဆန်းအထိ မိုးစပါးသီးနှံ (၉၇၉၇၅)ဧက စိုက်ပျိုးပြီးစီးကြောင်းနှင့် သတ်မှတ်လျာထားဧကထက် (၁၈၃)ဧက ပိုမိုစိုက်ပျိုးနိုင်ကြ

18 Oct 2022

         ရှမ်းပြည်နယ်(ကျိုင်းတုံ)၊စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူးနှင့်တာဝန်ရှိသူများသည် ၂၀၂၂ခုနှစ် အောက်တိုဘာ (၁၁)ရက်နေ့ နေ့လယ် (၁၃:၀၀) အချိန်တွင် ခရိုင်အစား အသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ဝန်ထမ်းများနှင့်ပူးပေါင်း၍ ကျိုင်းတုံမြို့အမှတ် (၁/၂) ရပ်ကွက်အတွင်းရှိ ဆေးဝါးပစ္စည်း အရောင်းဆိုင်(၅)ဆိုင်အား ဆေးဝါးမှတ်ပုံတင်မရှိသော Medisure Laborations Pakistan (Pvt) Limited, Pakistan ထုတ် Parbisure Injection ဆေးဝါးအား ဈေးကွက်တွင် ဖြန့်ဖြူးရောင်းခ

18 Oct 2022

         တနင်္သာရီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနမှ ကော့သောင်းခရိုင်ဉီးစီးမှူးနှင့် ဝန်ထမ်းများသည် စည်ပင်သာယာရေး ဈေးတာဝန်ခံနှင့်အတူ (၁၃.၁၀.၂၀၂၂) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ကော့သောင်းမြို့ပေါ်ရှိ လေဟာပြင်ဈေးတွင် စားသောက်ကုန်ပစ္စည်း အရောင်းဆိုင်များ သို့ ကွင်းဆင်း၍ ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့သည်။

17 Oct 2022

         ဧရာဝတီတိုင်းဒေသကြီး၊စားသုံးသူရေးရာဦးစီးဌာန၊ အိမ်မဲမြို့နယ်တာဝန်ခံ ဦးလေးလွင်သည် (၁၁.၁၀.၂၀၂၂)ရက်နေ့ နံနက်(၁၀:၃၀)နာရီ အိမ်မဲမြို့ လယ်ပေါ်ရပ်ကွက်ရှိ မုန့်မျိုးစုံဆိုင်များ တွင် ရောင်းချနေသော မုန်မျိုးစုံများ၌ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြထားခြင်းရှိ/မရှိ ကွင်းဆင်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

17 Oct 2022

        ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ လပွတ္တာမြို့နယ်တာဝန်ခံ ဦးမြင့်ဌေး သည် (၁၁.၁၀.၂၀၂၂)ရက်နေ့ နံနက်(၁၀:၀၀)နာရီက  မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်း၍ လပွတ္တာမြို့နယ်၊ အမှတ်()ရပ်ကွက်၊ ဘုရားလမ်းရှိ မုန့်မျိုးစုံဆိုင်များတွင် ရောင်းချနေသော မုန့်များ၌ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြထားခြင်းရှိ/မရှိကွင်းဆင်း၍ ဈေးကွက်စောင့် ကြည့်စစ်ဆေးခဲ့ပါသည်။

Pages