သတင်းနှင့် လှုပ်ရှားမှုများ
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊မအူပင်ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးဇော်မင်း ၊ ဒု-ခရိုင် ဦးစီးမှူး ဦးအောင်ဇော်ဦး နှင့် ဝန်ထမ်းများသည် (၅.၁၀.၂၀၂၂)နေ့တွင် မအူပင်မြို့ပေါ်ရှိ အသေးစား၊ အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကွင်းဆင်းဆောင်ရွက်ခဲ့ပါသည်။
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ဒု-ခရိုင်ဦးစီးမှူး ဦးအောင်ဇော်ဦးနှင့် ဝန်ထမ်းများသည် (၄.၁၀.၂၀၂၂)နေ့တွင် မအူပင်မြို့ပေါ်ရှိ စက်သုံးဆီဆိုင်များဖြစ်သော Denko၊ Tiger ၊ ရတနာ ကောင်းကင်၊ MM နှင့် ကြည်လွင် စက်သုံးဆီဆိုင်များသို့ ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ပါသည်။
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ဓနုဖြူမြို့နယ်ဦးစီးမှူး ဦးဝင်းမင်းစိုးနှင့် ဝန်ထမ်းများသည် (၅.၁၀.၂၀၂၂)နေ့တွင် (၁၀:၃၀)နာရီအချိန်တွင် ဓနုဖြူမြို့ အမှတ်-၁၇ရပ်ကွက် (၂)လမ်းရှိ ရတနာ ကိတ်မုန့်လုပ်ငန်းသို့သွားရောက်၍ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးနှင့် SMEလုပ်ငန်း ဖွံ့ဖြိုးရေးအတွက် ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ပါသည်။
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံး၊ ခရိုင်ဦးစီးမှူး ဦးဇော်လင်းအောင်၊ ဒု-ခရိုင်ဦးစီးမှူးဦးမိုးမင်းသန်းနှင့် မြို့နယ်ဦးစီးမှူးဦးလှထွဋ်ဦးတို့သည် (၅.၁၀.၂၀၂၂)ရက်နေ့ နံနက်(၀၈:၀၀)နာရီက မြောင်းမြမြို့ စက်မှုဇုံရှိ ဦးဇော်မျိုးကြည် ပိုင် ခိုင်ဖြိုးကျော်ဆန်စက်တွင် ထုတ်လုပ်ဖြန့်ဖြူးနေသော စပါးခွံလောင်စာတောင့် စက်ရုံသို့သွားရောက် ၍ SME စက်မှုလက်မှုလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကွင်းဆင်းလေ့လာဆောင်ရွက်ခဲ့ပါသည်။
ပဲခူးတိုင်းဒေသကြီး ၊ စားသုံးသူရေးရာဦးစီးဌာန ၊ နတ်တလင်းခရိုင် ၊ နတ်တလင်းမြို့နယ်တာဝန်ခံသည် ၇.၁၀.၂၀၂၂ ရက်နေ့ နံနက် ၁၀: ၀၀ နာရီတွင် နတ်တလင်းမြို့၊ အခြေခံပညာမူလွန်ကျောင်း၌ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် ကျောင်းမုန့်ဈေးတန်းစစ်ဆေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါ သည်။