သတင်းနှင့် လှုပ်ရှားမှုများ
ပြည်ခရိုင်၊ ရွှေတောင်မြို့ရှိ စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများသည် (၇.၁၀.၂၀၂၂) ရက် နံနက် (၁၀:၀၀) အချိန်တွင် ရွှေတောင်မြို့နယ်၊ ယွန်းတန်းရပ်ကွက် (အ.မ.က) ကမ်းနားတန်း ကျောင်းသို့ သွားရောက်၍ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများအား စားသုံးသူ အသိပညာပေး ဆွေးနွေးဟောပြောပွဲများ ကျင်းပပြုလုပ်ခဲ့ပါသည်။
ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် ယခုအချိန်ကာလသည် ၂၀၂၂ - ၂၀၂၃ ဘဏ္ဍာနှစ်အတွက် ဆောင်းနေကြာများ စတင်စိုက်ပျိုးနေချိန်ဖြစ်ပါသည်။ ဆောင်းနေကြာများ စတင်ထွက်ပေါ်ချိန်တွင် သီးနှံများဈေးကွက် ချိတ်ဆက်ဆောင်ရွက်နိုင်ရေးအတွက် နေကြာအစုအဖွဲ့များ ဖွဲ့စည်းရန် နေကြာစိုက်ပျိုး ထုတ်လုပ်သူတောင်သူများနှင့် စားသုံးသူရေးရာဦးစီးဌာန၊ ပန်းတောင်းမြို့နယ် တာဝန်ခံ ဒေါ်သန်းသန်းအေးနှင့် ဝန်ထမ်းများသည် (၅.၁၀.၂၀၂၂) ရက်နေ့နံနက်ပိုင်းတွင် ကွင်းဆင်း ဆွေးနွေး ဆောင်ရွက်ခဲ့ပါသည်။
နေပြည်တော်၊ (၁၄-၁၀-၂၀၂၂)
ပဲခူးတိုင်းဒေသကြီး ၊ တောင်ငူခရိုင် ၊ တောင်ငူမြို့နယ်တွင် နိုင်ငံတော်၏ဝမ်းစာ မဟာဗျူဟာ ကျသော စပါးသီးနှံကို မိုးစပါးနှင့် နွေစပါး နှစ်သီးစား စိုက်ပျိုးကြပါသည်။ ၂၀၂၂-၂၀၂၃ ခုနှစ် ၊ တောင်ငူ မြို့နယ်၏ မိုးစပါးစိုက်ပျိုးမှုဧကမှာ ၅၈၀၃၄ ဖြစ်ပါသည်။ စက်တင်ဘာလ ၃၀ ရက်နေ့အထိ ၂၄၅၉ ဧက ရိတ်သိမ်းပြီးဖြစ်ပါသည်။ အထွက်ကောင်းစပါးမျိုးများဖြစ်သော ဆင်းသုခ ၅၄၄၆ ဧက၊ ရက် ၉၀ ၆၈ ဧက၊ နှံကောက် ၁၅၅၃၆ ဧက၊ ဗျော့ထွန်း ၃၃၅၅၅ ဧက၊ နယူးဧရာ-၁၂ ၁၀၀ ဧက၊ GW-11 ၃ ဧက၊ အဆင့်မြင့်စပါးမျိုး ၈၃၁ ဧက၊ ဧရာမင်း ၃၃ ဧက၊
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်ချက်အရ စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူးရုံးသည် တောင်ငူခရိုင်အတွင်းမှ ဆီကုန်သည်များနှင့်ညှိနှိုင်း၍ အခြေခံလူတန်းစားများသို့ စားသုံးဆီများအား သက်သာသောနှုန်းထားဖြင့် ရောင်းချနိုင်ရေးကို ဆောင်ရွက်လျက်ရှိရာ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်း ဇွန်လမှ စက်တင်ဘာလအထိ စားသုံးဆီပိဿာ ၄၄၉၅၅၀ ပိဿာ ရောင်းချနိုင်ခဲ့ပါသည်။